Ep-(32)

148 21 32
                                    

Kang Taehyun!!!!!

Yeonjun POV:

- မျက်စိရှေ့တွင်ဖြစ်ပျက်သွားသည်ကို သူမယုံကြည်နိုင်ပေ။ -

"မဖြစ်ဘူး"

- နှစ်ယောက်လုံးကားဖြင့်တိုက်မိပြီး အဝေးသို့ ၁၀ပေလောက်လွင့်သွားခဲ့သည်။ beomgyuလက်ထဲမှtaehyunလွတ်ထွက်သွားကာ လမ်းမထက်တွင်လိမ့်သွားသည်။ ကျောဖြင့်ပြုတ်ကျသဖြင့် beomgyuနာသွားသော်လည်း သတိကြောင့် ခေါင်းမထိခဲ့ပေ။ လမ်းပေါ်တွင်လူးလှိမ့်နေသော်လည်း သတိပြန်မရလာသောထယ်ဟျွန်းဆီ လက်လှမ်းနေသေးသည်။ -

"Taehyun na!!
ကယ်ကြပါဦး....119ကိုဆက်ပေးကြပါဦး။
ကျွန်တော့်သူငယ်ချင်းကိုကူညီပါဦး။ "

-taehyunကိုဖက်ကာ soobinငိုနေခဲ့သည်။ totbokki ဝယ်ပြီးပြန်လာသော kaiနဲ့ junkyuကလည်း အသည်းအသန်ပြေးလာခဲ့သည်။ -

"Beomgyu အဆင်ပြေရဲ့လား "

"Choi Beomgyu!!
သတိထားစမ်း....မျက်စိမပိတ်လိုက်နဲ့...သတိကပ်ထားစမ်းပါ။ "

-yeonjunပြောနေသည်များကို beomgyuကြားသော်လည်း သူ့စိတ်က သူ့တစ်ဖက်မှာ လဲကျနေသော taehyunဆီသို့ပင်....။ နဖူးမှစီးကျနေသောသွေးများအပြင် ကြမ်းပြင်ပေါ်တွင်လည်း အိုင်နေသေးသည်။ ဆူဘင်းပွေ့ထားတဲ့သူကလေးဘာမှမဖြစ်ဖို့ကို သူမျက်လုံးမပိတ်ခင်၊ သူ့လောကကြီးအမှောင်မကျခင်အထိ ဆုတောင်းပေးသွားသည်။ -

*မင်းဘာမှဖြစ်လို့မရဘူး ကလေး....
ငါသေရင်သေသွားပါစေ မင်းကတော့ဆက်ဆက်အသက်ရှင်ရမယ်.... ချစ်တယ် ကိုကို့အသက်လေး"

Yoon Ruby POV:

- သူမကားထဲကနေ ထွက်ကြည့်လိုက်သော်လည်း မြင်နေရသည့်မြင်ကွင်းကြောင့် သူမလန့်သွားသည်။ ထို့ကြောင့် လူများ အာရုံမရသောအချိန်တွင် ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားခဲ့သည်။ -
.
.
.
တီ တီတီတီ ။

- အိမ်ရှေ့တွင် ကွန်ပျူတာဖြင့်အလုပ်လုပ်နေတုန်း စားပွဲပေါ်ကဖုန်းတစ်လုံးဝင်လာခဲ့သည်။ -

"ဟယ်လို ရဲသားဂျောင်ဝန်"

// ဆရာဂျောင် ဟီးရိုးကစားကွင်းနားမှာ accident ဖြစ်လို့။ //

Forever[Completed]Where stories live. Discover now