Ep-(5)

217 36 9
                                    

-သတိမရသေးသောလူ၏မျက်နှာကို ထိုင်ကြည့်နေရာမှ စိတ်ရှုပ်လာသဖြင့် Da bin Noonaကိုခေါ်ကာ စောင့်ခိုင်းထားခဲ့သည်။ soobinမသိခဲ့သည်က သူသာခဏလောက်ထက်စောင့်လိုက်လျှင် သတိရလာသော yeonjunသည် သူ့ကိုအရင်ဆုံးမြင်ရလိမ့်မည်ဆိုတာကိုပင်။ -

-ဆူဘင်းလည်းတော်တော်စိတ်ရှုပ်သွားဟန်တူသည်။ ခေါင်းကိုသာ တဗျင်းဗျင်းကုပ်နေရင်း ဂျူဟိုပြောသောစကားများအား တွေးနေမိသည်။ -

*Juho- soobin shi!
ကျွန်တော် soobinကိုသဘောကျတယ်...။
အရင်ကတည်းက သဘောကျခဲ့တာပါ။ soobinတို့အဖွဲ့မှာမပါပါအောင်လုပ်ပြီးတော့ နီးစပ်အောင်ကြိုးစားခဲ့တာ။ *

-ဒီလိုအချိန်မှာ ဒီလိုစကားမျိုးပြောရဲတာ အန်းဂျူဟိုကို သူတော်တော်ဒေါသထွက်နေသည်။ စဥ်းစားလို့လည်းမရ။ ယောန်ဂျွန်းဆေးရုံတက်ရသည့်မတော်တဆဖြစ်တဲ့အချိန်မှာမှ အားလုံးက စိုးရိမ်ပူပန်နေကြတဲ့အချိန်မှာမှ ဒီလိုချစ်ရေးဆိုရတယ်ပေါ့လေ။ -

"Soobin shi!!"

-ဆူဘင်းရှောင်ထွက်မယ်လုပ်တော့....

Juho- ကျွန်တော့်ကို စိတ်ကွက်သွားတာလား။ တောင်းပန်ပါတယ်။

Soobin- ဒီမှာ Ahn Juho shi....
ကျွန်တော်နောက်မှရှုပ်လာမှာစိုးလို့ အခုကတည်းကတစ်ခါတည်းကြိုပြောထားပါရစေ။ ကျွန်တော် Ahn Juhoကိုသဘောမကျပါဘူး။ ပြီးတော့ ယောန်ဂျွန်းထိခိုက်သွားတဲ့အချိန်မှာ ဒီလိုစကားမျိုးကိုပြောတဲ့ ခင်ဗျားကို...ဟုတ်တယ် စိတ်ဆိုးတယ် စိတ်ကွက်သွားတယ်။ ရိုက်ကူးရေးပြီးသွားတာနဲ့ ကျွန်တော့်မျက်စိရှေ့ပေါ်မလာပါနဲ့တော့။ မသိသလိုနေပေးပါ ။

Juho- ကျွန်တော်တောင်းပန်နေတာကို လက်ခံသင့်တယ်လေ soobin shi

-လက်ကိုဆွဲထားပြီး မျက်တောင်မတစ်ချက်မခတ်ကြည့်နေသူ။ -

Soobin- ကျွန်တော့်လက်ကိုလွှတ်ပေး။

Juho- ကျွန်တော် soobinကိုသဘောကျတယ်လို့ပြောနေတာကို....

Soobin- မင်းက ဆိုက်ကိုကောင်လား။ ရူးနေလား။ ဖယ်....ဖယ်ပေးလို့။

Juho- မလွှတ်ပေးနိုင်ဘူး ။ ဟုတ်တယ်...မင်းကြောင့် ငါရူးနေရတာ။ မင်းကြောင့် ရူးသွားတာ။ ဒါပေမဲ့ မင်းကတော့ အခုအထဲက ကုတင်ပေါ်မှာလှဲနေတဲ့ကောင်ကိုဘဲ မြင်တယ်။ ငါ့ကို...ငါ့ကို မတရားရာမကျဘူးလား။

Forever[Completed]Where stories live. Discover now