Ep-(29)

130 22 61
                                    

(1)

- ကျောင်းမှရုတ်တရက်ကြေညာလိုက်လေသည်။ -

"ဒီနှစ်ကျောင်းရဲ့ ထပ်တိုးစည်းကမ်းတွေအရ နောက်အပတ်ထဲမှာမင်းတို့ စာမေးပွဲဖြေရမယ်။ အေး ဒါပေမဲ့ဘာသာစုံတော့မဟုတ်ဘူး....မင်းတို့အဓိကယူထားတဲ့ မေဂျာဘာသာရပ်တစ်ခုကိုဘဲ ဖြေရမယ်။ သုံးလတစ်ခါစာမေးပွဲစစ်ပြီးတာနဲ့ ရတဲ့အမှတ်တွေကို နောက်နှစ်တက်ဖို့အတွက်အထောက်ကူပြုလိမ့်မယ်။"

-ထိုသို့ပြောပြီးဆရာမအခန်းထဲမှထွက်သွားလေသည်။ -

"ဘယ်အချိန်စာကြည့်ရမှာလည်းဟ..."
"သွားပါပြီဟယ်....actressလုပ်မဲ့ငါရဲ့မျက်နှာလေးတော့ မျောက်မျက်နှာဖြစ်ပြန်ပြီ။ "

-ကျောင်းသားများက တစ်​ယောက်တစ်မျိုးစီ ညည်းတွားနေကြသည်။ -
.
.
.
- အတန်းပြီးတော့ လျှောက်လာသောလမ်းတွင် Daejunနဲ့တွေ့သည်။ ခုနကအတန်းလည်းလာမတက်ပေ။ Junkyuကတော့ ပြုံးပြပေမဲ့ taehyunကကြည့်ခြင်းတောင်မရှိ။ -

"Taehyun ကျွန်တော်စကားခဏပြောလို့ရမလား။ "

"......."

"ဟို Junkyuရှေ့မှာလည်းဖြစ်ပါတယ်။ ကျွန်တော်ပြောပြစရာရှိလို့...."

"ဘာကိစ္စနဲ့လဲ ဒယ်ဂျွန်း..."

"တောင်းပန်ချင်တာပါ။ "

- မျက်လုံးလေးနည်းနည်းတော့လှန်ကြည့်လိုက်သည်။ -

"Hyunလေး...."

-beomgyuမှ အပြေးလာနေသည်။ စိတ်ဆိုးပြီးမခေါ်ထားသူနှင့် စကားမပြောချင်သူနှစ်​ယောက်စလုံးဖြင့် လာတွေ့နေသည်။ -

"မင်း taehyunကိုဘာဒုက္ခပေးမလို့လည်း"

"ဒုက္ခပေးမလို့မဟုတ်ပါဘူး beomgyu shi!!"

"ဒါဆိုဘာကိစ္စနဲ့လည်း"

"ကျွန်တော် ထယ်ဟျွန်းကိုရော ဘောမ်ဂယူကိုရောတောင်းပန်ချင်တာပါ။ ကျွန်တော့်အကြောင်းနဲ့ ကျွန်တော်မလို့ ဒီလိုလုပ်ရတာပါ။ "

"ဆိုပါဦး အကြောင်းအရင်းလေး...."

"ကျွန်တော်က ထယ်ဟျွန်းကိုတကယ်သဘောမကျခဲ့ပါဘူး။ ပထမနှစ်ကို တစ်ခြားကျောင်းမှာတက်ခဲ့ပြီး ဒုတိယနှစ်ကို ကျွန်တော်သဘောကျတဲ့ကောင်မလေးကြောင့် ဒီကျောင်းကိုပြောင်းလာခဲ့ရတာပါ။ ဒါပေမဲ့ ကျွန်တော်စဘောကျနေတဲ့သူမှာ သူရဲ့exလည်းex crhလည်းcrhဆိုတဲ့လူရှိတယ်။ အဲ့crhမှာလည်း ရည်းစားရှိတယ်။ သူမကို ဖွင့်ပြောလိုက်တော့ သူမက မကြိုက်ဘူးလို့ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကဖက်တွယ်ခဲ့တာ....အဲ့တော့သူမက အခွင့်အရေးပေးခဲ့တယ်။ သူ့ကြိုက်တဲ့လူတို့အတွဲကိုခွဲပေးရင် စဥ်းစားပေးမယ်လို့....အစကတော့ မလုပ်သင့်ဘူးစဥ်းစားခဲ့ပေမဲ့ အချစ်စိတ်မွှန်နေတော့ လက်ခံဖြစ်သွားတယ်။ ဒါကြောင့် ဒီကိစ္စတွေဖြစ်လာတာပါ။ "

Forever[Completed]Where stories live. Discover now