Ep-(14)

171 26 34
                                    

- သူတို့ကန်တင်းရောက်တော့ ထိုင်နေကြနေရာမှာထိုင်လိုက်ကြပြီး စီနီယာဟီဆွန်းအတွက် ခုံနေရာ ချန်ထားလိုက်ပြီး kaiက ဘေးနားက ခေါက်ခုံလေးယူထိုင်လိုက်သည်။ -

"စီနီယာဒီမှာထိုင်ပါ...."

"ဟီဆွန်း....."

"အင်ယွန်းမတွေ့တာကြာပြီနော်။ "

"ဟုတ်ပ....သတိရနေတာ..."

"အမ...နင့်လက်သန်းကြီး နင်လှည့်နေတာနဲ့ကျိုးသွားမယ်နော်။ "

-အပြုံးမပျက်ဘဲ ရှိနေလျက်တောင် သူ့ညီမကိုလှမ်းရိုက်နိုင်သေးသည်။ -

"စီနီယာ..."

"အော်...မင်းကအဖွဲ့(၅) ကမလား။ "

"ဟုတ်ပါတယ်.... စီနီယာတို့ကိုပြောစရာရှိလို့..."

"ဘာကိစ္စလည်း။ "

"ဟို...ဟိုလေ...
ဟုန်းယွန်းဆောစီနီယာကို သိလားဟင်။ "

"ယွန်းဆော...ဟုန်းယွန်းဆော....အာ....သိတယ်လေ။
ဘာဖြစ်လို့လည်းဟင်....ယွန်းဆောက ဆုံးသွားပြီကို"

"Final yearဆောင်က သရဲခြောက်တယ်ဆိုတာ အဲ့ဒီစီနီယာပါ...။ ဟိုနေ့က ကျွန်တော်တို့အခြောက်ခံရတော့ သူ...သူကပြောလိုက်တယ်။ အင်ယွန်းနဲ့အီဟီဆွန်းကိုလည်း နှုတ်ဆက်တယ်လို့ပြောပေးပါတဲ့။ "

"ဘာ!!" (Heeseung)

"ဟုတ်...ဟုတ်တယ် စီနီယာ။ "

"ဘယ်လိုမှငါမယုံဘူး။ "

"ဟီဆွန်း...ငါတို့ယုံရင်ကောင်းမယ်။
ဟိုနေ့ညက ငါယွန်းဆောကိုအိမ်မက်မက်တယ်။
သူပြောတဲ့အတိုင်းဘဲ.... ငါ့ကိုခွင့်လွှတ်တယ်....ငါတို့ကိုနှုတ်ဆက်ပါတယ် ဆိုပြီး လာပြောသွားတယ်။ "

"ယွန်းဆောက သူဘယ်သူ့ကြောင့်သေသွားတယ်လို့ပြောခဲ့သေးလား။ "

"ဟင့်အင်း....သူသွားရတော့မယ်တဲ့...နှုတ်ဆက်ပေးပါတဲ့....ပြီးတော့ ဒီကျောင်းရဲ့ရာဇဝင်တဲ့။ "

"မဟုတ်ဘူး.... ယွန်းဆောက ဒီကျောင်းရဲ့ရာဇဝင်မဟုတ်ဘူး...။ ဒီကျောင်းရဲ့ရာဇဝင်က မုဒိန်းကောင် လူသတ်....

Forever[Completed]Where stories live. Discover now