Ep-(7) (birthday)

220 31 0
                                    

-ဆေးရုံထဲမှထွက်သွားသော taehyunကြောင့် beomgyuမှာ အပြေးလေးလိုက်ရပြန်သည်။ သိပ်လည်းအရှက်သည်းတတ်တာဘဲ ကမ္ဘာငယ်ရယ်။ -

"Hyun.....နေဦးလေ။ "

"Hyungဘာလို့လိုက်လာတာလည်း။ "

"Hyunကဘာလို့ထွက်ပြေးတာလည်း။ "

"ကျွန်...ကျွန်တော်က ရှက်လို့။ "

-မျက်နှာကိုလက်သေးသေးလေးဖြင့်အုပ်ကာ ထွက်ပြေးရန်ပြင်နေသော သူရဲ့ ကမ္ဘာငယ်။ -

"ဒါဆို hyunက ကိုယ့်ကိုမချစ်ဘူးလား။ "

"ဟာ..ဘာမှလည်းမဆိုင်ဘူးလေဗျာ။ "

"ကိုယ်ကတော့ ကမ္ဘာငယ်လေးကို ချစ်လိုက်ရတာ။
အခုတော့ ကမ္ဘာငယ်က ကိုယ့်ဆီကနေထွက်ပြေးနေတယ်။ "

"ဟင်...ကမ္ဘာငယ်ဆိုတာက?"

"ခင်ဗျားလေးကိုခေါ်တာလေ။ "

"ကျွန်တော့်ကို ဘာလို့အဲ့လိုကြီးခေါ်တာလည်း။ "

"ချစ်လို့လေ။ "

-ပြောလေ၊ ပိုပြီးမျက်နှာလွှဲသွားလေဖြစ်နေသော ပေါက်စအား ပုခုံးလေးကနေ ကိုင်ကာ မျက်လုံးကိုစိုက်ကြည့်နေလိုက်သည်။ -

"မစိုက်ကြည့်ပါနဲ့။
ကျွန်တော်ပေါက်ထွက်သွားဦးမယ်။ "

"ဟာ...ဟဟဟ "

"မရီနဲ့နော် hyung"

"ချစ်လား။ "

"အွန်း...အယ်...မဟုတ်ပါဘူး ။ "

"ဒါဆိုမချစ်ဘူးလား။ "

-မျက်နှာညှိုးသွားသလိုပုံစံလေးလုပ်ပြတော့ အသဲအသန်ပြန်လိုက်ချော့ရှာသည်။ -

"အဲ့လိုမဟုတ်ဘူးလေ။
ချစ်တယ်....hyunလည်း hyungကိုချစ်တယ်လို့။ "

"ဟုတ်လို့လား hyunရယ်။
ကိုယ့်ကို သနားလို့မဟုတ်ဘူးလား။ "

"မဟုတ်တာ။
Hyungနဲ့ ကန်တင်းမှာစတွေ့ကတည်းက သဘောကျတာ။ နတ်သားလေးများလားဆိုပြီး အကြာကြီးငေးနေမိတာ။ "

"ကိုယ်ကတော့ မင်းကိုအဲ့မတိုင်ခင်ကတည်းက သဘောကျနေခဲ့ရတာ။ "

Forever[Completed]Where stories live. Discover now