Ep-(11)

202 32 80
                                    

"Gyu"

"Ruby!!!!"
နင်ဒီကိုဘာလာလုပ်တာလည်း။ "

" ဘာလာလုပ်ရမှာလည်း gyuရဲ့...
နင့်ကိုလာတွေ့တာပေါ့....ငါကသတိရလို့လာတာကို...ဘာလည်း gyuနင်က ငါ့ကိုသတိမရတာလား။ "

"မနေ့ညကတွေ့ပြီးသွားပြီလေ။ "

"အဲ့လောက်အချိန်လေးနဲ့ ငါကအလွမ်းပြေမယ်ထင်နေလို့လား။ "

-rubyကပါးစပ်ကလည်းပြော၊ လက်နှစ်ဖက် gyuပုခုံးပေါ်ထောက်ကာ မှီထားသည်။ ထိုအချိန်တော့ taehyunဒေါသတစ်ချက်ထွက်သွားသည်။ yeonjunတို့ကလည်း မျက်နှာပျက်သွားကြသည်။ -

"အော်...တွေ့ရတာဝမ်းသာပါတယ် ။
အမနာမည်က Yoon Rubyတဲ့....beomgyuရဲ့ အချစ်ဆုံးသူငယ်ချင်းပေါ့.....အွန်း.....သူငယ်ချင်းများလား။ သူရဲ့အချစ်ဦးလို့ပြောရမလား။ gyuငယ်ငယ်ကလေ အမကိုအရမ်းသဘောကျခဲ့ပြီး အမတို့အကြာကြီးတွဲခဲ့ကြတာ...အထက်တန်းပြီးတဲ့အထိလား။ လက်ထပ်ကြမယ်လို့တောင်ထင်ခဲ့ကြတာတဲ့လေ။ ဟားဟား.."

"စကားအပိုတွေလျှောက်ပြောမနေဘဲ လိုရင်းကိုသာ ပြောလိုက်...."

"မရှိပါဘူး....သူငယ်ချင်းတွေမတွေ့တာကြာလို့ လာနှုတ်ဆက်တာ....။ "

"Ruby....
နင် ထွက်သွားလိုက်ပါလား။
ဒီနေရာမှာ နင်ကိုကြိုဆိုမဲ့လူမရှိဘူး။ "(yeonjun)

"Wae? Wae?
ဘာလို့ငါကိုအဲ့လောက်ထိရန်မူနေရတာလည်း ယောန်ဂျွန်းရဲ့....ငါကိုပြန်တွေ့ရတာဝမ်းမသာဘူးလား။ "

"အေး ဝမ်းမသာဘူး။
Gyuလည်းဝမ်းသာမယ်မထင်ဘူး...hyunjinတွေ့ရင်တော့ နင့်ကို သတ်မိတော့မယ်ထင်တယ်။ "

"နင်တို့က ငါ့ကိုအဲ့လောက်မုန်းနေကြတာလား။
ငယ်ငယ်လေးကတည်းက ခင်ခဲ့ ချစ်ခဲ့ကြတာကို...."

"အေးလေ....
ငယ်ငယ်လေးကတည်းက နင်က ရွံစရာလေးကိုး....။
အမြဲတမ်း gyuကိုဆို အနိုင်ကျင့်ခဲ့ပြီး ခိုင်းစ.....တော်ပြီ...တော်ပြီ။ yoon ruby နင်ထွက်သွားတော့။ "

"ရန်သူတွေကျလို့ gyuကတောင် ခွင့်လွှတ်ပေးထားတာကို....ဘာလည်း ယောန်ဂျွန်း....နင်က အလယ်တန်းကတည်းက gayနေတယ်ဆိုတာ သူငယ်ချင်းတွေသိသွားလို့လား။ "

Forever[Completed]Tahanan ng mga kuwento. Tumuklas ngayon