Ep-(30)

142 22 53
                                    

(4)
- ဒီနေ့ ရာသီဥတုကတော့ dateလုပ်ရန်အကောင်းဆုံးပင်။ စာမေးပွဲဖြေရန် ကျောင်းလည်းပိတ်ထားသဖြင့် စာရတဲ့ကျွန်တော်တို့ကတော့ Jin Hyungတို့ကော်ဖီဆိုင်မှာ dateရန်ပြင်ထားသည်။ ဟိုတစ်ခါဖြစ်ပြီးတဲ့ကိစ္စတွေကိုလည်း taehyunကနားလည်ပေးပြီး ကျွန်တော်ကလည်း daejunကိုခွင့်လွှတ်ပေးလိုက်ရသည်။ ကျွန်တော်ကိုယ်တိုင် Rubyကိုမကျေသေးပေ။ အခုထိလည်းကျွန်တော်တို့ကိုရှောင်နေသည်။ သေချာတာကတော့ ထပ်ပြီးအနှောင့်ယှက်ရှိလာမယ်မထင်တာပင်။ - 

-ချစ်သူနဲ့ချိန်းထားတာမလို့ အိမ်တွင်အေးဆေးပြင်ဆင်နေသည်။ အဝတ်လဲနေတုန်း အိမ်ရှေ့မှbellတီးသံကြားလိုက်ရသည်။ taehyunဘဲလာစရာရှိတာမလို့ ကလေးအားစနောက်ချင်ဇောနဲ့ အပေါ်ပိုင်းဗလာဖြင့် တံခါးသွားဖွင့်ပေးလိုက်သည်။ - 

" စောလှချည်…..
ဟင်…မင်း မင်းဘာလာလုပ်တာလည်း။ 
ငါတို့ကို ဒီလိုအခြေအနေအထိ လုပ်ထားပြီး….

"Gyu….
Ruby….rubyခေါင်းတွေအရမ်းကိုက်နေတယ်။ အား…" 

"အဲ့ဒါဆေးရုံသွားပါလား။ " 

"ပြီးရင်သွားမှာပါ….။ 
ခဏလောက် ဝင်နားလို့ရမလား။ " 

"ငါက အခုသွားတော့မှာ။ " 
"ခဏပါဘဲ gyuရယ်။ " 

"ကျစ်…ခဏဘဲနော် ရူဘီ။ 
မေမေ့ဆီသွားတာမဟုတ်ဘူး ငါ့ဆီကိုလာနေတယ်။ " 

-ရူဘီ့ကိုအိမ်ထဲခေါ်ကာ ထိုင်ခုံမှာထိုင်ခိုင်းလိုက်သည်။ -

"ငါအင်္ကျီလဲပြီးရင် ဆေးယူပြီးထွက်ခဲ့မယ်။ 
သောက်ပြီးတာနဲ့ နင်ပြန်တော့" 

"အွန်း" 

-ရူဘီအိမ်ရှေ့ကခုံမှာထိုင်နေရင်း ဂယူအထဲဝင်သွားတော့မှ ခန္ဓာကိုယ် ကိုမတ်ပြီးပြန်ထိုင်လိုက်သည်။- 

(Wae wae why??)
.
.
.
Taehyun POV: 

-Beomgyu နှင့်ချိန်းထား၍ taehyunက beomgyu၏ အခန်းတွဲဆီသို့သွားရန်ပြင်လိုက်သည်။ လက်ထဲက ကိတ်မုန့်ထုတ်လေးကတော့ နှစ်ယောက်မရှိသောသူငယ်ချင်းလေးkaiအတွက်ပင်။ hyungအတွက်အိမ်ရှာပေးပြီးကတည်းက သူ့ကိုမုန့်မဝယ်ကျွေးရသေးပေ။ - 

Forever[Completed]Where stories live. Discover now