Ep-(34)

160 17 24
                                    


Ep-(33)½

- yeonjun အိမ်ပြန်ရောက်တော့ ညနေစောင်းနေပြီဖြစ်သည်။ အိမ်မှာဘယ်သူ့ကိုမှမတွေ့ပေ။ Jayရော အန်တီကြီးတွေရော အဖေရော.....-

-အပြင်သွားတယ်ထင်ပြီး အပေါ်ထပ်တက်ရန်ပြင်လိုက်သည်။ -

"Choi Yeonjun!! "

-အနောက်ကခေါ်သံတစ်ခုကြားလိုက်ရသည်။ -

"Appa..."

"မင်းငါ့ကိုပမာမခန့်မလေးမစားလုပ်နေတာလား။ "

"အဲ့လိုမဟုတ်ဘူး။
Appaစဥ်းစားသလိုမျိုး Ommaက လုပ်ခဲ့တာမဟုတ်ဘူး။ "

"မင်းအဲ့ဒီအကြောင်းကိုသေချာရှင်းပြပေးနိုင်လို့လား။ "

"အွန်း....။
Appaအထင်လွဲခဲ့တဲ့ ဂန်ဆောင်းဂျယ်ဆိုတဲ့ ဦးလေးကြီးက ဂန်ထယ်ဟျွန်းအဖေပါ။ အဲ့တုန်းက ထယ်ဟျွန်းမေမေအန်တီ ဂန်ယယ်နာက ဆေးရုံမှာ အသက်သေခါနီးအချိန်ဖြစ်နေတာ...မေမေက သူ့ရဲ့တာဝန်ခံဆရာဝန်လေ....အဲ့ဒါကြောင့် ဦးလေးကြီးနဲ့ မေမေနဲ့ကတွဲသွားတွဲလာရှိခဲ့ဖူးတယ်။ မေမေတို့က သူငယ်ချင်းတွေလေ....။ "

"အဲ့ဒါတွေ ငါသိတယ်။ "

"ကျွန်တော်ပြောချင်တာ မေမေနဲ့ ဦးလေးကြီးက ဘာပတ်သက်မှုမှမရှိဘူး။ ဒီကထွက်သွားပြီးတော့ မေမေတို့ car accident ဖြစ်ပြီး Hokseok Samcheon တာဝတ်ကျတဲ့မြို့နားမှာဘဲ နေဖြစ်တာ။ အဲ့ကတည်းက taehyunရော သားရောကို ပြန်လိုက်ရှာခဲ့တယ်။ မေ​ကေသားကိုပြန်ရှာတွေ့ပေမဲ့ ဦးလေးကြီးက taehyunကို ပြန်ရှာတွေ့တာ နှစ်လတောင်မပြည့်သေးဘူး။ "

" အဲ့တော့...."

"Appa!
Ommaကို စိတ်ဆိုးနေတာ၊ Ommaကို အထင်လွဲနေတာကို သိတယ်။ အဲ့ဒါနဲ့ဘဲ သားကရော မတွေ့ရတော့ဘူးလား။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော့်အမေဘဲမလား။ "

"Appaအဲ့ဒါတွေကိုသိတယ်....appaပြန်တောင်းပန်ချင်ခဲ့တယ်...မင်းအမေက ပြတ်သားလွန်းတာကြောင့် appaဘက်ကမာနကြောင့် အခုအခြေအနေထိဖြစ်သွားတာ။ မင်းအမေကို ဟိုတစ်လောကappaတွေ့လိုက်တယ်။ အဲ့လူနဲ့ပြုံးလို့ပျော်လို့ coffeeဆိုင်မှာ appaကိုတောင်မမြင်ဘူးလေ။ "

Forever[Completed]Where stories live. Discover now