Ep-(19)

142 20 12
                                    

-sunooတစ်​ယောက်သူ့ဆရာမနဲ့အတူအိမ်ပြောင်းရမည်မလို့ သန့်ရှင်းရေးလုပ်ရန် အိမ်အသစ်သို့ရောက်လာခဲ့သည်။ taehyun ဆိုသောhyungကလည်း ဟိုအကိုနှင့် သူ့အိမ်ရှေ့တွင်ထိုင်နေသည်။ -

"ကျောင်းသားဆောနူ....
လာမှလာပါ့မလားလို့ စိတ်ပူနေတာ။ "

"ဟုတ်ကဲ့...နှစ်နာရီလောက်ကျရင် ဆရာမလာမှာမလို့ အဲ့အထိဘဲ hyungကကူညီပေးပါဦး။ "

"အဆင်ပြေပါတယ်.... ခဏနေရင် hyungသူငယ်ချင်းတွေရောက်လာတော့မှာမလို့ တူတူအရင်လုပ်ကြရအောင်။ "

"အာ...ကျေးဇူးတင်ပါတယ်...."

-သူလည်းsunooရဲ့ပုခုံးကိုဖက်ကာ အိမ်ထဲသို့ဝင်ပြီးရှင်းလင်းရေးလုပ်ရတော့သည်။ beomgyuတော့ ခြံသန့်ရှင်းရေးလုပ်လိုက်သည်။ -
.
.
.
"Ya!!! Kang Taehyun!!
ဘယ်မှာလည်း....ခေါ်တုန်းကခေါ်ထားပြီး...."

"Soobinတို့ပါလား....
hyunကဒီအိမ်ထဲမှာ ဝင်သွားလိုက်။ "

-အော်ခေါ်နေတုန်း အမှိုက်ထုပ်ကြီးအပြင်ဆွဲကာထွက်လာသော ဘောမ်ဂယူကိုတွေ့ရသည်။ -

"ဟုတ်ကဲ့ စီနီယာ။ "

-soobinတို့အထဲဝင်သွားတာနဲ့ beomgyuလည်း အမှိုက်ထုပ်ထားပြီး ပြန်ဝင်သွားခဲ့သည်။ -
.
.
.
"အာညော်ဟာဆယ်ယို.....ကင်မ်ဆောနူလို့ခေါ်ပါတယ်။ အကူညီတောင်းပါတယ် hyungတို့...."

-သူတို့အုပ်စုရှေ့တွင် သေသေချာချာနှုတ်ဆက်နေသောကောင်လေးကြောင့် နည်းနည်းတော့ အကြီးတစ်ယောက်ပုံစံဖြစ်သွားကြသည်။ -

"အင်းပါ...
မင်းဆရာမမလာခင်ရှင်းကြတာပေါ့...."

"ဒါနဲ့...yeonjun hyungရော..."

"အာ...ခဏနေလာလိမ့်မယ်။
မင်းတို့လမ်းထိပ်က ဆိုင်မှာ မုန့််ဝယ်နေတယ်။ "

-လူတိုင်းအိတ်တွေကို ချွတ်ကာ အိမ်သန့်ရှင်းရေးကို တတ်ညီလက်ညီလုပ်ဆောင်ကြတော့သည်။ -

-ခဏကြာတော့ sunoo၏ဆရာမဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်ရောက်လာခဲ့သည်။ -

"ပါမောက္ခကြီး...."

"အေး ဆောနူ....အဆင်​ပြေကြတယ်မလား။ "

Forever[Completed]Where stories live. Discover now