End this story (Yeonjun)

326 24 23
                                    

- ကြီးမားပြီးတော့ခမ်းနားလှတဲ့ အိမ်တစ်လုံး။ ရင်းနှီးပြီးသားဖြစ်မည်တော့ထင်ပါသည်။ လွန်ခဲ့တဲ့ 20ကျော်လောက်က လူတစ်ယောက်က သူ့အိမ်ကိုသူ့ရဲ့ဂျူနီယာလေးရောက်လာလို့ဆိုပြီး တစ်ခါဆင်းလှေကားနှစ်ထစ်နှုန်းနဲ့ဆင်းခဲ့တဲ့အိမ်ပေါ့.....။ -

"Jun Kyung "

"ဗျာ appa...."

"ကျောင်းသွားမလို့လား။ "

"ဟုတ်တယ် appa....
ဒီနေ့ဆရာkaiရဲ့အတန်းနဲ့ ဆရာမ Da binရဲ့အတန်းပါတော့မသွားလို့မရဘူး။ "

"ဂရုစိုက်နော်....
ပြီးတော့ မင်းရဲ့ဆရာkaiနဲ့ ဆရာမကိုလည်း အဖေက နှုတ်ဆက်တယ်လို့ပြောပေးဦး။ "

"Nae~~ Appa"

- Jun kyung ထွက်သွားပြီးတော့ Mr.Deniel တစ်ယောက်သူ၏အခန်းထဲဝင်သွားကာ အံဆွဲထဲမှ စာအုပ်တစ်အုပ်ထုတ်လိုက်သည်။ စာအုပ်ကိုစာရွက်ပေါင်းများစွာလှန်ပြီးမှထွက်လာသောဓာတ်ပုံတစ်ခု။ -

"Choi Soobin!
မင်းကအရမ်းချစ်ဖို့ကောင်းတာဘဲ ။ "

- ဓာတ်ပုံထဲကကောင်လေးကိုကြည့်ကာ မစ္စတာဒန်နီယယ်ပြုံးမိလိုက်သည်။ တစ်ချိန်တစ်ခါကအရမ်းချစ်ခဲ့ရတာပေါ့...ဒါပေမဲ့ ချစ်တယ်ဆိုတာတော့ မပြောနိုင်ခဲ့ဘူး။ ဒါလည်းသူ့အမှားပါဘဲလေ...သိပ်ချစ်လွန်းလို့ ဆုံးရှုံးရမှာကြောက်ခဲ့တာ။ အချိန်တွေဆွဲနေခဲ့မိတာ။-

Tin Tin Tin.....

- အတွေးစတို့သည် ဖုန်းမှ alarmမြည်လာမှသာ ပျောက်ကွယ်သွားသည်။ ဖုန်းကိုပိတ်လိုက်ကာ အဝတ်အစားလဲကာ အပြင်ထွက်ရန်ပြင်လိုက်သည်။ -

"Jake...!
ကားပြင်ထားတော့... "

"ဟုတ်ကဲ့ boss"
.
.
.
- အိမ်ယာတစ်ခုပေါ်တွင် မှီထိုင်နေကာ စာအုပ်တစ်အုပ်ကိုဖတ်နေသည့် အသက်40ကျော်အမျိုးသား မထင်မှတ်လောက်အောင်အရွယ်တင်လှသည်။ -

"သူဌေး....
ဥက္ကဌဒန်နီယယ်ရောက်လာပါတယ်။ "

"ဝင်လာခိုင်းလိုက်။ "

- ကောင်မလေးကထွက်သွားပြီးတာနဲ့ တခဏကြာတော့ မစ္စတာဒန်နီယယ်ဝင်လာသည်။ -

Forever[Completed]Where stories live. Discover now