Ep-(17)

173 25 98
                                    

"Choi Jun kyoung!!!!!!!!!"

"ဗျာ ဆရာ....။ "

"မင်းဒီကိုလာခဲ့စမ်း...."

"ဟုတ်
ဘာပြောမလို့လည်း ဆရာ။ "

"လာစမ်း....
ဂျူနီယာကိုမှမရှောင်ရည်စားစကားသွားပြောရလား။ မင်းနဲ့ငါနဲ့တွေ့မယ်။ လာ...လာ"

"အ့...အ့...ဆရာနာတယ်။
နာရွက်ပြုတ်တော့မယ်...အား...အားးးးး"

-Kaiတစ်ယောက် သူရဲ့နှစ်ယောက်မရှိသော ပြဿနာအိုးလေး Jun Kyoungကို နားရွက်မှကိုင်ကာ မိမိတို့ဆရာများရုံးခန်းဆီသို့ဆွဲလာခဲ့လိုက်သည်။ -

"ဟိုဂျူနီယာက မင်းကိုစိတ်မဝင်စားလို့ ငြင်းတာကို အခုထိ လိုက်နှောက်ယှက်နေတယ်ဆို...."

"ဆရာကလည်း သူကချစ်စရာလေး။ "

"မင်းသေတော့မယ်....အငြင်းခံရရင် ငြိမ်နေလိုက်တော့ပေါ့။ အရှက်ကို တစ်ခါကနေ နှစ်ခါခွဲနေတာ။ မင်းအစားငါရှက်တယ်....။ "

"တောင်းပန်ပါတယ် ဆရာ။
ကျွန်တော်နောက်မဖြစ်စေရပါဘူး။ "

"နောက်လည်းအဖြစ်မခံပါဘူး။
ကဲ...ကြွ ကြွ....မင်းမြင်ရရင် ငါပိုသွေးတက်တယ်။ "

"ဟုတ် သွားလိုက်ပါဦးမယ် "

-Jun Kyoungထွက်သွားပြီး ခဏကြာတော့ kaiလည်း နောက်အတန်းအတွက်သင်ကြားရန် ထသွားလေသည်။ - 
.
.
.
(ပထမရက်)
-သူတို့စာမေးပွဲဖြေကြမဲ့ရက်ကိုတောင်ရောက်လာမှပေါ့။ kaiကတစ်​ယောက်တည်းသီးသန့်ဖြေရပြီး soobinနဲ့ taehyunက တစ်ခန်းထဲအတူတူဖြစ်သည်။ စီနီယာတန်းတွင်လည်း yeonjunကတစ်ယောက်တည်းဖြစ်ပြီး felix hyunjinနဲ့ beomgyuက တစ်ခန်းထဲဖြစ်ကြသည်။ နှစ်တန်းလုံးကဖြေဆိုချိန်မတူညီကြ။ ဂျူနီယာတွေက 1:30ဖြေရသလို စီနီယာတန်းက 2:15တွင်စဖြေရသည်။ -

"ဖိုက်တင်း " (YJ/SB/BG/TH/Kai/HJ/FL/DB/BR/JH)

-သူတို့အဖွဲ့လူစုံပါတယ်၊ ဂျူဟိုကလည်း စာမေးပွဲလာဖြေတယ်။ ဆူဘင်းနဲ့စကားမပြောကြပေမဲ့လည်း သူကိုနောက်ဆုံးအနေနဲ့တော့ နေခွင့်ပေးလိုက်ပါဆိုလို့ ခွင့်ပြုပေးထားသည်။ -

-သူတို့ ကန်တင်းကနေလမ်းခွဲကြပြီးတော့ ဖြေဆိုရမည့်အခန်းတွင်းသို့ဝင်ကြရသည်။ soobinတို့ဆီတွင် သူကနောက်ဆုံးတန်းဖြစ်ပြီး taehyunက ဟိုးရှေ့ကအတန်းပထမဆုံးခုံတွင်ဖြစ်သည်။ -

Forever[Completed]Where stories live. Discover now