Ep-(9)

226 28 51
                                    

- ဒီနေ့မနက်ကတော့ yeonjunရော၊ hyunjinရော၊ beomgyuရော ကျောင်းမသွားကြ။ hyunjinကတော့ သူ့သူငယ်ချင်းနှစ်ယောက်မလာတာကြောင့် သွားမနေတော့ဘဲ felixရှိသောအိမ်မှာဘဲ အေးဆေးနေလေသည်။ နေ့ခင်းကျမှ felixကိုသွားကြိုမည်မလား။  felixကတော့ yeonjunတို့အစားသူကတော့ စာတွေအကုန်ကူးထားရမှာမလို့ ကျောင်းသွားလေသည်။ yeonjunနှင့်beomgyuကတော့ ဒီနေ့သူတို့ မိဘတွေ koreaကိုပြန်လာမှာမလို့ စောစောစီးစီးပြင်ကာ ဧည့်ခန်းထဲတွင်ထိုင်စောင့်နေကြသည်။ beomgyu ommaက yeonjunအိမ်လိုက်လာမှာမလို့ beomgyuကပါ yeonjunအိမ်ကိုရောက်နေသည်။ -

-ကားသံကြားလိုက်ရသောအခါ yeonjun appaနဲ့ beomgyu ommaပြန်လာပြီဆိုတာသိလိုက်ရသည်။ -

"Appa!!!"

-ပြေးသွားပြီး လက်ဆန့်ထားသော သူ့အဖေဆီသို့ yeonjun ဒိုင်ပင်ပစ်ဝင်လိုက်သည်။ -

"Beomgyu ya!!
သားလေး...."

"Omma"

- တည်ငြိမ်တဲ့beomgyuဆိုတဲ့အတိုင်း 4နှစ်လောက်မတွေ့ရသော ommaကိုမြင်တာလည်း အေးအေးဆေးဆေးပင်။ သာမာန်အပြုံးလောက်ပဲဆင်မြန်းထားသည်။ အဲ့ဒီထက်ပိုပြုံးပြစရာအကြောင်းမရှိတော့လို့နေမှာပေါ့။
(ဂန်ထယ်ဆိုရင်တော့ ဖြီးနေအောင်ပြုံးပြတာလေ။)

"ဝမ်းမသာဘူးလား ။
Ommaကတော့ မတွေ့တာကြာတဲ့သားလေးကိုမြင်ရလို့ သေလုမတတ်ပျော်နေတာကို...."

Beomgyu POV:

- အခုမှ သေလုမတတ်ပျော်နေလည်း ဘာလုပ်ရမှာလည်း။ ကျွန်တော်နဲ့အဖေ သေမတတ်ခံစားခဲ့ရတုန်းက ommaလှည့်ကြည့်ခဲ့လို့လား။ သေသွားတဲ့အဖေ့ကိုတွေ့မိတိုင်း ခင်ဗျားကို အရမ်းမုန်းတယ်...ကျွန်တော့အမေအရင်း ဖြစ်နေတယ်ဆိုရင်တောင်ပေါ့.....-

"ပျော်ပါတယ်..."

-စိတ်ထဲကနေ ထိုစကားများကိုဆိုနေလိုက်သော်လည်း တကယ်တမ်းပျော်မိတာက ပျော်ပါတယ်ဆိုတဲ့ အလိမ်အညာစကားပင်။ -

"သမီးလေးRubyကတောင် သားကို သတိရနေတာ။
လေယာဥ်ကွင်းဆင်းဆင်းချင်း သူ့မိဘတွေဆီအရင်သွားပြီး နှုတ်ဆက်ပြီးမှ သားဆီလာပါ့မယ်တဲ့လေ။ "

Forever[Completed]Where stories live. Discover now