Ep-(3)

250 41 17
                                    

>>>>

-ဆရာkaiတစ်ယောက်မနက်စောစောကတည်းက ကျောင်းသွားဖို့ပြင်ရာမှ အမှတ်မထင် သူတို့သူငယ်ချင်းအုပ်စုပုံအား တိုက်မိကာကျကွဲသွားသည်။ မှန်ဘောင်လေးလည်းအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသလို ရင်တွေလည်း အကြေကြေအကွဲကွဲဖြစ်ခဲ့ရသည်။ -

-အိမ်ကထွက်လာပြီးကျောင်းသို့သွားရန် ကားပေါ်တက်တော့လည်းအလွဲလွဲ အချော်ချော်။ ပြဿနာတွေက မနက်မိုးလင်းကတည်းက ကျောင်းရောက်ထဲ့အထိမပြီးနိုင်မစီးနိုင်။ Jun Kyoungရန်ဖြစ်လို့လိုက်ရှင်းရ၊ ကျောင်းအုပ်ဆူတာခံလိုက်ရ၊ နောက်ဆုံးရှင်းမနိုင်တဲ့အခါ Jun Kyoung၏ အဖေ Mr. Danielကို ဆင့်ခေါ်လိုက်ရသည်။ -

Kai- မင်းမှာလည်းနော်...ကျောင်းလေးကမတက်ရသေးဘူး ရန်ကဖြစ်လိုက်ရမှ...။

Jun Kyoung- ကျွန်တော့်ကို ဘဝင်မြင့်နေတဲ့သူဌေးသားလို့ပြောတာကိုးဗျ...အဖေအားကိုးနဲ့မိုက်တဲ့ကောင်တဲ့...။

Kai- သည်းခံပါလို့ငါမပြောဘူးလား။

-Jun Kyoungလေး၏မိဘများသည် ချမ်းသာပြီး High Classတန်းဝင်တဲ့လူတွေဖြစ်ကြတယ်။ ဒါပေမဲ့ Jun Kyoungလေးကမသိစေချင်တဲ့အတွက် ဘယ်အလုပ်အကိုင်ပါဆိုပြီးထည့်ရေးထားခြင်းမရှိသလို သူ၏အဖေမှာလည်း ကျောင်းသို့ ရှယ်ယာဝင်ထားခြင်းမရှိပေ။ -

Jun Kyoung- ဆရာကလည်းဗျာ...သူဟာသူစော်ကြည်တာ ကျွန်တော်ကဘာတတ်နိုင်မှာလည်း။ အခုအဲ့ကောင်ကလေ သူကြိုက်နေတဲ့ကောင်မလေးက ကျွန်တော့်ကိုကြိုက်တာ သူ့ကိုငြင်းလိုက်လို့ဆိုပြီး ပြဿနာလာရှာတာ။ စော်ငြင်းခံရရင် ငြင်းခံရတယ်ပေါ့။ ဘာလည်း...ကျွန်တော့်ကြောင့်ဆိုတာက...။

Kai- မင်းဟာလေ....Choi Soobinနဲ့တစ်ပုံစံတည်းဘဲ။ အွန်း...စီနီယာYeonjunနဲ့ပိုတူတယ်။

Jun Kyoung- သူတို့ကဘယ်သူတွေလည်း။

Kai- တစ်ချိန်က ဆရာ့ရဲ့သူငယ်ချင်းတွေပေါ့ကွာ။
အခုတော့လူတွေလည်းမစုံတော့ပါဘူး။....

CHOI JUN KYOUNG!!!!!!!!

Jun Kyoung- အဖေ....

Kai POV:

-အနောက်ကအော်လိုက်တဲ့ လူအသံကြောင့်လန့်သွားတာအမှန်ပင်။ အရှေ့က ကလေးကတော့ အဖေဆိုပြီးခေါ်လေရဲ့....ဒါကJun Kyoungရဲ့အဖေ Mr. Danielများလား။ -

Forever[Completed]Where stories live. Discover now