Ep-(27)

120 21 35
                                    

-အိမ်ပြောင်းနေသော taehyunတို့နှစ်ယောက်။ အထုပ်တွေကို သေချာထုပ်ပိုးထားကာ ကားလာခေါ်မှာကိုစောင့်နေသည်။ beomgyu hyungကသူ့ကားနှင့်ခေါ်သွားမယ်လုပ်သော်လည်း ဖေဖေကသူကိုယ်တိုင်လာကြိုမည်မလို့ မလိုက်တော့ကြောင်းငြင်းလိုက်ရသည်။ -

-ကားရပ်စောင့်နေသော taehyunဆီ daejunရောက်လာခဲ့သည်။ -

"ကိုယ်ဝိုင်းကူပေးစရာရောမရှိဘူးလား။ "

"မရှိပါဘူး daejun shi! "

"အွန်း....
ကိုယ်အတွက်အဖြေရော မင်းမှာရှိလား။ "

- တစ်အိမ်တည်းအတူတူနေနေသော beomgyuကိုလည်းမပြောပြနိုင်၊ ငြင်းလိုက်ဖို့လည်းမရဲဖြင့် အကျပ်ရိုက်နေသောtaehyunတစ်ယောက် သတ္တိရှိရှိဆုံးဖြတ်ချက်ချလိုက်တာက .....

"ရှိတယ်။
ကျွန်တော့်မှာရည်းစားရှိတယ် Daejun"

"ဘယ်သူလည်း"

"တကယ်တော့လေ.....

"အာ....Choi Beomgyuလား။ "

"အွန်း....
ဟင်.....ဘယ်လိုသိတာလည်း"

"သိတာပေါ့....ကိုယ်ကအကုန်သိတယ်။
Taehyunကိုချစ်တဲ့လူဘဲ ဒီလောက်တော့သိထားရမှာပေါ့။ "

"ဒီလိုဆိုဆက်ကြိုက်လို့မရဘူးလေ။ "

"ဘာလို့လည်း...
စည်းတွေဘောင်တွေ ပယ်ပြီးတော့ ကိုယ့်ကိုရောတွဲပေးလို့မရဘူးလား။ "

"Daejun shi!!
အခုဘယ်လိုစကားမျိုးကိုပြောလိုက်လည်းဆိုတာကိုရောသိရဲ့လား။ အခု ကျွန်တော့်ကို beomgyu hyungနောက်ကွယ်မှာဖောက်ပြန်ခိုင်းနေတာလား။ "

"ဖောက်ပြန်တယ်လို့ခေါင်းစဥ်မတပ်ဘဲနဲ့ စိတ်ကစားတယ်လို့ဘဲ ပြောပေးရမလား။ "

"ကျွန်တော်သည်းခံနေတယ်ဆိုတာ junkyuနဲ့ခင်မင်မှုရှိနေလို့ပါ။ တစ်တန်းတည်းသားချင်းမလို့ပါ ။
ထပ်ပြီးတော့ တိတိကျကျပြောလိုက်မယ်။ ကျွန်တော်...မလုပ်...နိုင်ဘူး။ ကျွန်တော်ချစ်တာ beomgyu hyungတစ်ယောက်တည်း၊ ကျွန်တော့်အချစ်ကလည်း သူ့အတွက်ဘဲ။ "

"ဟက်!
အဲ့လောက်ထိချစ်တာလား ချွဲဘောမ်ဂယူကို..."

"ပြောပြလို့ရရင် ချစ်တယ်ဆိုတာထက်ပိုတာရှိရင် အဲ့ဟာထက်ကိုပိုတယ်။ "

Forever[Completed]Where stories live. Discover now