Ep-(8)

226 30 30
                                    

"ကဲ...ကဲ။
ပြဿနာတွေလည်းထပ်ဖြစ်စရာမရှိတော့ဘူး။
စီနီယာတို့နဲ့လည်း ထပ်တွေ့စရာမလိုတော့ဘူး။ "

"ပျော်နေတာလား "

"ပျော်တာပေါ့...
ခင်ဗျားမျက်နှာကြီးထပ်မမြင်ရတော့ဘူးလေ။ "

"မင်းကွာ...."

"အမယ်လေး...အပိုတွေပါ ချွဲဆူဘင်းရယ်။
ဆေးရုံတက်နေတုန်းကကျ မအိပ်နိုင် မစားနိုင် သူဘဲ ဆေးရုံစောင့်ပေးနေပြီးတော့...."

"ဒါကငါ့ကြောင့်ဖြစ်သွားတာဆိုတော့ ငါက တာဝန်ကျေချင်ရုံပါ။ "

-ထိုင်နေကြ ကန်တင်းက သစ်ပင်ပုလေးဘေးတွင် စားသောက်ကာ yeonjun soobin boramတို့စကားပြောနေကြခြင်းပင်။ felixနဲ့ hyunjinကတော့ အတန်းသွားတက်သည်။ kaiကတော့ ကျောင်းမလာသေး။ ကျန်ကောင်လေးနှစ်ယောက်ကတော့ ဖုန်းကိုဘဲကြည့်ကာ ချစ်ကြည်နူးနေကြသည်။ အကြောင်းမှာ သူတို့တွဲနေသည်ဆိုတာကို တစ်​ယောက်မှမသိကြ။ အပြင်မျာအတူရှိနေသော်လည်း စကားပြောရန်အဆင်မပြေသောကြောင့် msgရိုက်ပြီးသာ စကားပြောနေကြသည်။ အကဲလေးဂန်ထယ်ဟွန်းပေါသမျှ လူအေးကြီးချွဲဘောမ်ဂယူကတော့ ကမ္ဘာငယ် သဘောဆိုသည့်ပုံစံဖြင့် လိုက်သဘောကျပေးနေသည်။ -

"အမယ်...ဂန်ထယ်တို့ ဖုန်းကိုကြည့်ပြီး ပြုံးလို့ရွှင်လို့ပါလား။ ဘာလည်း...ရည်းစားထားနေပြီလား"

-ပေါင်မုန့်တစ်ကိုက်ကိုက်ရင်း မေးလာသော ဆူဘင်း။-

"မဟုတ်...ပါဘူး။ "

"မင်းပြုံးနေတာငါတွေ့တယ်နော်"

" ဒီအတိုင်း ရီစရာတွေ့လိုက်လို့ပါ"

"အော်....
Beomgyuနဲ့ပြောနေတာမဟုတ်ဘူးလား။ "

"ငါ...ငါကဘယ်နေကနေ ပါလာတာလည်း။ "

"မသိဘူးလေ
မင်းကလည်း ဖုန်းကြည့်ပြီးဖြီးနေလို့..."

"ငါလည်း ရီစရာတွေ့လိုက်လို့ပါကွ။ "

"အေးပါ...မင်းတို့ခေတ်ဘဲ လူပ်ထားကြဦးပေါ့။
မိလို့ကတော့ ခံငြင်းရင် ငါလိုက်လုပ်မှာ"

-beomgyuကတော့သဘောဆိုတဲ့ပုံစံနဲ့ အအေးဘူးဖွင့်ကာ သောက်နေလိုက်သည်။ -

Forever[Completed]Where stories live. Discover now