Ep-(16)

180 26 42
                                    

- စာမေးပွဲဖြေရတော့မှာဆိုတော့ မနက်စောစောထပြီး အဝတ်အစားလဲကာ စာထိုင်လုပ်နေသည်။ first yearဆိုတော့ တက်ကြွသည်လားမပြောတတ်။ အဒေါ်အီကလည်း ဟင်းချက်နေသည်မလို့ အိမ်ပေါ်ထပ်က မိမိအိပ်ခန်းထဲတွင် တစ်ယောက်တည်းသာ။ -

-စာကျက်နေရင်း ပြတင်းပေါက်ကိုငေးမိတော့ အိမ်ရှေ့ကဖြတ်သွားတဲ့ တက္ကသိုလ်စီနီယာအိမ်နီးချင်း အကိုနဲ့အမတို့အတွဲ။ အမကြီးကစိတ်ဆိုးနေသည်ထင်...အကိုကြီးကလိုက်ချော့နေသည့်ပုံ။ နောက်တော့ မုန့်ဆိုင်က ရေခဲမုန့်ဝယ်ပြီး အမကြီးကိုချော့လိုက်သည်။ စိတ်ဆိုးပြေချင်တင်တင်ဖြစ်နေသော အမကြီးက မူနေသေးသည်။ ထို့ကြောင့်အကိုကြီးက အမကြီးပါးကိုလျပ်တပြတ်နမ်းလိုက်သည်။ အမကြီးကရှက်ပြီးတော့ အရှေ့ကနေပြေးသွားသည်။ အကိုကြီးကလည်း ရီပြီးလိုက်သွားသည်။ ငါသိချင်တာ သူတို့စာမကျက်ကြဘူးလားမသိဘူး။ -

(အေး...ကောင်းတယ်။ စာလုပ်နေရင် စာကလွဲလို့ အကုန်စိတ်ဝင်စားတယ်🤠👍🏻)

*ဟာ....ငါကဘာလုပ်ရမှာလည်း....။
ငါ့ဟာငါစာကျက်နေတာကို....စိတ်ညစ်လိုက်တာ။
ဂန်ထယ့်ဆီဖုန်းဆက်ရမလား။ တူတူကျက်ရင်တော့ စာရမှာဘဲ။ *

//ဟယ်လို ဂန်ထယ်...//

//ပြော ဆူဘင်း....//

//မင်းဘာလုပ်//

//မင်းအခုအဲ့ဒါသိချင်လို့ဖုန်းဆက်တာလား။ //

//စာအတူကျက်ရအောင်။ kaiအိမ်ကိုဒိုးကြမယ်လေ//

//အေးပါ...
အကိုဂယူနဲ့ ချိန်းထားတာမရှိလို့ လိုက်ခဲ့ပေးမယ်။
သူကစာကျက်နေတော့ ငါကအနှောင့်အယှက်မပေးချင်လို့... //

//ရှဥ့်စုတ်....မင်းဘယ်သူမေးလို့လည်း။ မင်းအဲ့ဒါကြောင့်အရပ်မရှည်လာတာ။
နည်းနည်းလေးနှိမ်လိုက်ရမှ....//

//ဘာဖြစ်လည်း....အရပ်မရှည်လည်း gyu hyungက ဒီသေးသေးလေးကိုဘဲချစ်တာတဲ့။ အပိုတွေမပြောနဲ့တော့.... ခဏနေငါလာခေါ်တယ်။ //

//ပြီးရော...//

-taehyunလာခေါ်မယ်ဆိုလို့ ကုတင်ပေါ်မှဆင်းကာ စာအုပ်တွေစီ​ပြီး လွယ်အိတ်ထဲထည့်လိုက်သည်။ ပြီးတော့ အဝတ်အစားထပ်လဲကာ လွယ်အိတ်လွယ်ပြီး အောက်ထပ်သို့ဆင်းသွားလိုက်သည်။ လှေကားးအရင်းရောက်မှ ခေါင်းကမိုက်ကနဲဖြစ်သွားသည်။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်ပြန်မတ်လိုက်သည်။ ပြီးတော့ဆက်ဆင်းသွားလိုက်သည်။ အဒေါ်အီရှိသော မီးဖိုဆောင်နားရောက်ခါနီးမှ နှလုံးကအောင့်လာသည်။ ခါးကိုင်းကျသွားပြီး ရင်ဘတ်ကို ဖိထားလိုက်သည်။ အသက်ရှူသွင်းသော်လည်း ဝင်မလာပေ။ စူးစူးနင့်နင့်ကိုအောင့်နေတာဖြစ်သည်။ -

Forever[Completed]Where stories live. Discover now