Ep-(18)

163 22 54
                                    

-ဒီနေ့ Happy holiday....

-ကျောင်းနှစ်လပိတ်ကတည်းက သဲသဲကဲကဲအတွဲကလည်း သူတစ်ပါးအားနာသောအားဖြင့်ဖုန်းဖြင့်သာစကားပြောကြလေသည်။ hyunjinနှင့်felixကလည်းတစ်အိမ်တည်းနေ၍ပိုရင်းနှီးလာကြသည်။ Kaiကတော့ နောက်နှစ်အတွက် စာတွေလုပ်လိုက်၊ ဂိမ်းဆော့လိုက်၊ဂိမ်းဆော့လိုက်ဖြင့်သာပိတ်ရက်တွေကိုဖြတ်သန်းနေသည်။ ဒီကြားထဲမှာ soobinအိမ်ကို ချောင်းပေါက်မတက်သွားနေတာကတော့ yeonjunပင်။ -

-ကျောင်းစပိတ်ကတည်းက မနက်ခင်းကနေ ညနေအထိ သူ့အိမ်ကိုအမြဲလာနေသည်။ မနက်ခင်းစကတည်းက "ဆူဘင်းရေ....ငါလာပြီ။ " နောက်တစ်နေ့လာလည်း "ငါရောက်ပြီ" ဖြင့်သာ ။ -

Soobin POV:

"ကျောင်းပိတ်ရက်တွေကို အိပ်ချိန်တိုင်းမအိပ်ရ၊ စားချင်တိုင်းမစားရတဲ့ဘဝပါဗျာ။ ဟူးးး🙁🙁"
.
.
.
-beomgyuကျောင်းပိတ်ရက်ဖြစ်လည်း သူ့အတွက်ကစာနဲ့ဝေးမနေပါ။ ပိတ်ရက်ကို စာဖတ်ရင်ဖတ်၊မဖတ်ရင်တတိယနှစ်အတွက်စာများပိုမိုလေ့လာနေသည်။ -

"သားငယ်လေး....ommaအပြင်ခဏသွားမလို့။
အိမ်တံခါးကို လာပိတ်ပေးပါဦး။ "

"အွန်း...ကောင်းကောင်းသွားပါနော်။ "

-သူ့ommaအပြင်ထွက်ကာ ကားပေါ်တက်ပြီးထွက်သွားတာမြင်မှ သူလည်း အိမ်တံခါးပိတ်ကာ အခန်းထဲဝင်ပြီး စာပြန်လုပ်နေလိုက်သည်။ သို့သော် စာလုပ်ရန်စိတ်မပါသောကြောင့် ဖုန်းဖွင့်ကာ ခဏလိုင်းသုံးမယ်ကြံရင်း Instaဖွင့်လိုက်တော့ အရင်ဆုံးတက်လာတာက သူ့ရဲ့ အချစ်ရဆုံးကောင်လေးရဲ့ပုံပင်။ -

-သူ့အကိုရဲ့ ကော်ဖီဆိုင်မှာ ပျော်နေသည့်ပုံပင်။
Uniformလေးနဲ့လိုက်ဖက်ပါဘိ။ သူ့အကိုဆိုင်မှာ အချိန်ပိုင်းလုပ်တယ်တဲ့လေ....လုပ်အားခလည်းယူတယ်။ စီးပွားရေးအမြင်ကတော့ တကယ်ရှိတဲ့ကောင်လေး။ -

-သူ့ကလေးငယ်ဆီကိုသွားရမလား။ ဟုတ်တယ်...yeonjunဦးလေးကိုလည်းနှုတ်ဆက်ရင်း Hyunလေးအကိုကိုလည်း ဝင်တွေ့ရင်း။ အဲ့နေရာက သူစာလုပ်ဖို့ဆိုရင်လည်းအဆင်ပြေမှာဘဲ။ သူစိတ်ဆုံးဖြတ်ကာ သူ့ကမ္ဘာငယ်လေးဆီဦးတည်လိုက်သည်။ -

Forever[Completed]Where stories live. Discover now