Ep-(22)

160 22 73
                                    

စာရှည်တွေပြန်လာပါပြီနော်။
စာလုံးပေါင်း(2000-3000)ကြားအတွင်းတွေပါ။
အပိုင်းရှည်သွားမှာစိုးလို့ သာသာချုံ့လိုက်ပါတယ်နော်။ တစ်ချို့အပိုင်းတွေမှာ ဇာတ်ကောင်အပိုတွေပါ ပါလာပြီ...။ ထပ်ရေးနေရင် HYBEတစ်မျိုးလုံးပါလာတော့မယ်ထင်လို့ပါ🤗 
--------------------------------------------------------------------------
-ထပ်ပြီးကျော်လွန်လာတဲ့အချိန်များ။ -

-အချိန်တွေကုန်ဆုံးသွားပြီး ဆောင်းရာသီပထမအပတ်ထဲတောင်ရောက်လာမှပေါ့....။ ဖွေးဖြူနေတဲ့နှင်းများ၊ ရေစက်လေးများတွဲခိုနေတဲ့ အပင်၊ ဆောင်းအနွေးထည်အထူကြီးများဖြင့်သွားလာလှုပ်ရှားနေကြသူများနှင့် ဆောင်းရာသီရဲ့အငွေ့အသက်ကို ခံစားနေရသည်။ -

"Boram!!!"

"ဘာလည်း....ဘလာ...ဘလာ..."

"နင်စာမေးပွဲမအောင်သင့်တာသိလား။
အဲ့ဒါမှ နင်ငါတို့နဲ့ မပါလာမှာ"

"ဒုတိယနှစ်ဖြစ်နေပြီ
တည်တည်ငြိမ်ငြိမ်နေလို့မရဘူးလား။ မင်းတို့နှစ်ယောက်က "

"အမယ် choi soobin....
မနေ့တနေ့ကအထိ နှင်းတောထဲမှာ လျှောက်ဆော့နေတာဘယ်သူလည်း။"

-သူတို့ကျောင်းမဖွင့်ခင်သူငယ်ချင်းလေးယောက် နှင်းတောကိုသွားပြီး ဆော့ခဲ့အပန်းဖြေခဲ့ပါသေးသည်။ -

"အဲ့ဒါက အပြင်မှာလေ....
အခုကျောင်းထဲမှာ....ပထမနှစ်တွေမြင်ရင် ငပေါတွေထင်နေဦးမယ်။ "

"မင်းက yeonjun hyungနဲ့တစ်ပုံစံတည်းသိလား။
Gyu hyungပြောပြတာ... yeonjun hyungဒုတိယနှစ်စတက်တော့လည်း hyunjin hyungကို အဲ့လိုလေသံနဲ့ဘဲပြောခဲ့တာတဲ့....။ "

"တော်ပါ...ငါအဲ့လူကြီးနဲ့မတူချင်ဘူး။ အဟွတ်..."

"ဆောင်းလေးအေးမယ် မကြံဘူး....နေမကောင်းဖြစ်ချင်ပြန်ပြီလား။ "

"မဟုတ်ပါဘူးနော်
တံတွေးသည်းသွားလို့...."

"ဟင်းကောင်းစားရတော့မယ်။ "

-သူတို့သူငယ်ချင်းလေးယောက် စကားတစ်ပြောပြောဖြင့် ကားမှတ်တိုင်မှ ကျောင်းတော်ကြီးသို့ရောက်လာကြသည်။ ဝင်လိုက်တာနဲ့ မြင်ရတာက " ဖွန်ဆန်းတက္ကသိုလ်မှ ကြိုဆိုပါ၏။ " ဟူသော စာသား။-

Forever[Completed]Where stories live. Discover now