Part - 11 (Z+U)

9.5K 1.4K 61
                                    

🍼ကိုက်ရတာကို စွဲနေတာလား? ( Uni )

"မင်းသာ ယောက်ျားစစ်တယ်ဆိုရင် ညစ်ပတ်တဲ့လှည့်ကွက်တွေမသုံးနဲ့!" ချိယွီ ဒေါသထွက်သွားခဲ့တယ်။

လူနှစ်ယောက်ရဲ့ နှာခေါင်းတွေဟာထိကပ်လုနီးပါး နီးကပ်နေပြီး အသက်ရှူသံများကလဲရောထွေးနေကာ သူတို့ရဲ့ကိုယ်ထဲကသွေးများကလည်းလျင်မြန်စွာဆူပွက်လာပြီး ဆန္ဒမီးတောက်များကိုလှုံ့ဆော်ပေးနေကာ သူတို့ရဲ့ နှလုံးခုန်သံ‌တွေဟာလည်း အရှိန်မြန်လာခဲ့တယ်။

သူတို့ကိုကြည့်ရတာ နမ်းတော့မယောင်တောင် ဖြစ်နေတယ်။

"ငါ ဘာညစ်ပတ်တဲ့လှည့်ကွက်မှမသုံးပါဘူး" ဟယ်ကျိုးရဲ့မျက်လုံးတွေထဲမှာအပြုံးတွေတလက်လက်ဖြစ်နေခဲ့ပြီး သူ့ရဲ့လက်ကို ချိယွီရဲ့ခါးနား ရစ်ပတ်လိုက်တယ်။

Alphaတစ်ယောက်က သူတို့အမှတ်အသားပြုထားတဲ့Omegaဆီ pheromone ထုတ်လွှတ်တာဟာ သာမန်သာဖြစ်ပြီး ၊ 'လှည့်ကွက်' ဟုမသတ်မှတ်နိုင်ပေ။

သေချာတာပေါ့ ၊ သူချိယွီကို ဒီအကြောင်းတွေ ဘယ် ထုတ်ပြောပါ့မလဲ။

"တစ္ဆေကိုဘဲသွားယုံလိုက်မယ်"

(T/N : 我信你个鬼, 你个糟老头坏得很 = မယုံကြည်မှုကို ကိုယ်စားပြုတဲ့ အင်တာနက်ဘန်းစကား။ )

သွယ်လျတဲ့ လက်ချောင်းတွေက မြေကြီးကို ပိုပြီးကုတ်ခြစ်လာကာ ချိယွီရဲ့ နှဖူးပြင်မှာလဲ ချွေးတွေစိုရွှဲလာခဲ့တယ်။

ချိယွီရဲ့ပုံစံက ရယ်ချင်စရာကောင်းနေပြီး ၊သူက ဟယ်ကျိုးရဲ့ မျက်ဝန်းတွေဟာ နှစ်လိုဖွယ်ကောင်းတယ်လို့ ခံစားလာရတယ်။သူတို့နှစ်ယောက်ဟာ စကြဝဠာကဲ့သို့နက်နက်ရှိုင်းရှိုင်းနစ်ဝင်နေပြီး ချိယွီက ထိုအထဲ ပိတ်မိတော့မလိုတောင် ဖြစ်‌နေတယ်။

မဟုတ်ဘူး ၊ မဟုတ်သေးဘူး ။ သူ့ကိုယ်တိုင်ရဲ့ပုံရိပ်ကို ထိုမျက်လုံးတွေထဲမှာ ပြန်မြင်နေရတယ်။

ကြက်သွေးရောင်ပါးပြင်တစ်စုံနဲ့ နွေးဦးလိုနွေးထွေးတဲ့အကြည့်တွေနဲ့ ပြည့်နေတဲ့မျက်ဝန်းအစုံ။

ဒါသူ့ရဲ့ အခုဖြစ်နေတဲ့ အမူအရာလား?

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ?

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now