Part - 33 (Z+U)

5.7K 841 29
                                    

🍼 လိမ္မော်ရောင်နှင်းဆီပန်းစည်း |Uni

ချိယွီ ဟယ်ကျိုးကို စိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်က နာကျင်လာရုံသာမက သူ့စိတ်ဟာလည်း အနည်းငယ် နာကျင်လို့လာခဲ့တယ်။

သူ ၊ ဘာကြောင့် ဟယ်ကျိုးတစ်ယောက် ပြန်သွားပြီးချက်ချင်း ပြန်လာခဲ့သည်ကို နားမလည်နိုင်ဘဲရှိလို့နေတယ်။ သူထွက်သွားတဲ့အချိန်အတွင်း ဘာတွေဖြစ်သွားခဲ့တယ်ဆိုတာမသိပေမယ့် ၊ဟယ်ကျိုးက ရုတ်တရက်ကြီးရောက်ချလာကာ သူ့ရဲ့ စိတ်ကူးအသစ်အကြောင်းပြောပြလာပြီး၊ Aနှစ်ယောက်ရဲ့ ချစ်ခြင်းမျိုးကိုလဲ ပြောလာခဲ့တယ်။

ရိုးရှင်းစွာဘဲ သူ နားမလည်နိုင်ဖြစ်လို့နေတယ်။

ချိယွီက ဘာစကားတစ်ခွန်းမှ ပြောမလာခဲ့ပေမယ့်လို့၊ သူ့ဘေးနားက ကောင်မလေးကတော့ သူမပါးစပ်ကိုအုပ်ကာ သူ့ကို အံ့အားသင့်စွာ ကြည့်လာပြီး
"နင်က Alpha လား?"

ချိယွီ : "...မဟုတ်ပါဘူး"

ကောင်မလေးက ဟယ်ကျိုး နဲ့ ချိယွီ ကို ကြည့်လာကာ၊ ကုတင်ဘေး စားပွဲပေါ်ရှိ လိမ္မော်ရောင်နှင်းဆီပန်းစည်းကိုကြည့်လာပြီး၊ သူမရဲ့ အကြည့်ဟာလည်း သူတို့နှစ် ယောက်ကြား အပြန်ပြန်အလှန်လှန် ကြည့်လို့နေမိတယ်။ နောက်ဆုံးမှာတော့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လို့လာခဲ့တယ်- "ငါနင်တို့ကိုမနှောင့်ယှက်တော့ပါဘူး။ ငါအခုဘဲထွက်သွားလိုက်ပါ့မယ်!"

သူမ စကားမဆုံးခင်ပင်၊သူမကတော့ တံခါးနားကို ရောက်လို့နေပြီဖြစ်တယ်။ စကား​ပြောပြီး​နောက်​ သူမက ချိယွီကို လက်​ပြကာနှုတ်ဆက်ပြီး၊ တံခါးကိုပိတ်​ကာ ထွက်သွားခဲ့တော့တယ်။

ချိယွီ : "..."

ကောင်းပြီ၊ သူတို့နှစ်ယောက်ဘဲ လူနာဆောင်မှာကျန်ခဲ့တော့တယ်ပေါ့။

ချိယွီက သက်ပြင်းချလိုက်ကာ : "စကားပြောရအောင်၊မင်းဘာတွေတွေးနေတာလဲ?"

ဟယ်ကျိုးလည်းဘဲ၊ ဒီဆွေးနွေးပွဲအတွက် သူ့စိတ်ကို တည်ငြိမ်အောင် လျှော့ချလိုက်ရတယ်။

သူကမျက်လွှာချလိုက်ကာ၊ သူ့အကြည့်တွေက ချိယွီရဲ့ မေးဆီ ကျရောက်သွားပြီး၊ ချိယွီရဲ့ နှုတ်ခမ်းကို သုတ်ပေးနေတဲ့ လက်ဟာလည်း ရပ်တန့်လို့သွားခဲ့တယ်။ဟယ်ကျိုးက သူ့နှုတ်ခမ်းကိုကိုက်လိုက်ကာ ၊ သူ့ရဲ့ အာဒမ်ပန်းသီးဟာလည်း လှုပ်ရှားသွားပြီး သူ့အမူအရာဟာလည်း အနည်းငယ် လမ်းပျောက်နေပုံရတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now