Part - 31 (Z+U)

5.4K 919 61
                                    


🍼 ဘယ်သူကများ ငါ့သားကိုခုလိုလုပ်ရဲရတာလဲ?|Uni

ထိုညမှာဘဲ လုံချန်းနံပါတ် ၁,အလယ်တန်းကျောင်းမှာ ပို့စ်တစ်ခု တက်လာခဲ့တယ်။

[Title: သူ့ရဲ့ စိတ်နေစိတ်ထား ပြောင်းလဲရတဲ့ အကြောင်းရင်းကို ငါရှာတွေ့ပြီထင်တယ်...]

1st floor : ပုံကိုကြည့်ပါအုံး။
[ပုံ]

2nd floor : ပုံထဲကလူနှင့်ချိယွီက နာမည်နဲ့ မျိုးရိုးတူရှိပေမယ့် (ဟယ်ကျိုးနဲ့ချိယွီ) သူတို့နှစ်ယောက်ကမနေ့ကဘဲ နှစ်ယောက်သား တစ်သားတည်း ရပ်တည်ခဲ့ကြပြီး သူတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းနေကြတာလေ။ အမှတ်အသားကို ရုတ်တရက်ကြီး ထဖျက်ဖို့က မဖြစ်နိုင်ဘူး။

3rd floor : အပေါ်ထပ် 1 နဲ့ သူတို့ ပြီးခဲ့တဲ့အပတ်က တောအုပ်ထဲမှာ အချစ်ကို‌သက်သေပြခဲ့ကြတယ်လေ ။ အဲ့အကြောင်းတွေးကြည့်တိုင်း ငါတောင်ချဉ်လာသလိုလိုဘဲ။

(T/N : တောအုပ်ထဲက Handstand Shampooတုန်းက ဟယ်ကျိုးက ချိယွီဘက်ပါပေးခဲ့တာကို ပြောနေကြတာပါ။)

4th floor : ဒါပေမယ့်၊ သူဒီနေ့ ခွင့်တိုင်ထားတယ်။

5th floor : ဒီမြို့မှာ သူ့လိုနာမည်နဲ့ လူရှစ်ယောက်၊ဆယ်ယောက်‌လောက်တော့ ရှိမှာဘဲ။ပြီးတော့ ဒီပုံက နာမည်ကလွဲလို့ ဘာတိကျတဲ့ အချက်အလက်မှမရှိဘဲ၊ ဒါကြောင့် လျှောက်မတင်နဲ့။

...

...

ဤပို့စ်သည် လုံချန်း အမှတ် 1 အလယ်တန်းကျောင်း၏ဖိုရမ်တွင် ခဏမျှသာ ပျံ့လွင့်သွားပြီး လျှင်မြန်စွာပင် နစ်မြုပ်သွားခဲ့သည်။ လူအများက မြင်လိုက်ကြပေမယ့် အလေးအနက်မထားကြပါပေ။ ထိုအရာက ကွန်ပြူတာရှေ့က လူကို မကျေမနပ်ဖြစ်လာစေခဲ့သည်။

သူက ထိုအကြောင်းကိုတွေးလိုက်ပြီးနောက်၊ We Chatမှာ မှာလူတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့် messageပို့လိုက်တယ်။-

[ မနက်ဖြန် မင်းလူနာဆောင် 0728 ကို အစားအစာသွားပို့တာနဲ့ အတွင်းဆုံးကုတင်ပေါ်ကလူနာရဲ့ ပုံကိုရိုက်ယူနိုင်ဖို့ နည်းလမ်းရှာခဲ့ ။သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရအောင်ရိုက်ခဲ့၊ဘယ်လိုပဲဖြစ်ဖြစ်ပါ သူ့ပုံကိုသာရိုက်ဖြစ်အောင်ရိုက်ယူခဲ့]

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now