Part - 44 (Z+U)

2.6K 372 30
                                    

🍼 မင်းမားကိုသွားခေါ်မယ် |UNI

သူ့နောက်ကျောမှ ချွေးအေးများထွက်လာတာကို ခံစားနေမိသည်။

လေအေးပေးစက်မှလေဟာ လည်ပင်းကို ဖြက်လို့ အရေပြားထဲထိ အေးစိမ့်လို့နေစေတယ်။

ချိယွီက သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်လို့ထားပြီး သူ့ရဲ့နှလုံးသားဟာလည်း တဒဂ်မျှနစ်မြုပ်လို့သွားခဲ့ရတယ်။

ချိယွမ်ရှန်းမှာ ယွီကျိုးလေးနှင့်ပတ်သက်သည့် သူ၏ရည်ရွယ်ချက်ကို သွယ်ဝှက်ထားဖို့ စိတ်ကူးမရှိဟန်ပင်။ ချိယွီအနေနဲ့ သူ့ခံစားချက်တွေကို မျက်နှာတွင်မပေါ်လွင်မိစေရန် မနဲထိန်းချုပ်လို့နေရသည်။

ချိယွီရဲ့လည်ချောင်းက လှုပ်ရှားသွားကာ တည်ငြိမ်တဲ့အသံတစ်သံ ထွက်ပေါ် လာခဲ့တယ်။ "ဘာလို့ ယွီကျိုးလေးကို တအားတွေ့ချင်နေရတာလဲ?"

ချိယွမ်ရှန်းက ချိယွီကိုစိုက်ကြည့်ကာ ရယ်မောရင်းပြောလာခဲ့တယ်။ "မင်းကကော ဘာလို့ ယွီကျိုးလေးကို တအား ငါနဲ့ပေးမတွေ့ချင်နေရတာလဲ?"

လေထုသည် ရုတ်တရက် တိတ်ဆိတ်လို့သွားခဲ့သည်။

ဤစကားနှစ်ခွန်းမှာ နှစ်ယောက်သားရဲ့ အတွေးကိုယ်စီအား ဖော်ထုတ်မိသွားခဲ့တယ်။

ချိယွီရဲ့ မျက်တောင်များ လှုပ်ခတ်လို့သွားကာ အေးစက်သော ချွေးစက်က လည်ပင်းနောက်ဘက်သို့လျှောဆင်းလို့ ချက်ချင်းဘဲ အဝတ်စတွေရဲ့စုပ်ယူခြင်းကို ခံလိုက်ရတယ်။

ချိယွီက ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်ကာ မျက်လုံးများကို ပင့်၍ အနက်ရောင်အကြည့်ဖြင့် ချိယွမ်ရှန်း ကို စိုက်ကြည့်လိုက်သည်။ သူကပြန်မဖြေဘဲ "ခင်ဗျားက သူ့ကိုပြန်ခေါ်ပြီး ဘာလုပ်ချင်လို့လဲ?"

"ငါသူ့ကို ရန်ပြုမယ်လို့ မင်းထင်နေတာလား?"

ချိယွမ်ရှန်းက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး "ငါအဲ့လိုမလုပ်ပါဘူး၊ပြီးတော့မင်း ဘယ်လိုသိ-" ဟူသော စကားအဆုံးသတ်မှာ သံရှည်ဆွဲသွားကာ မျက်မှန်နောက်ကွယ်တွင် ကွယ်ဝှက်ထားသော သူ၏အကြည့်များကအနည်းငယ် ဖျော့တော့စွာ အရောင်ပြောင်းလို့သွားခဲ့တယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now