Part - 26 (Z+U)

7.1K 1.1K 42
                                    

🍼ကလေးကို မဟုတ်တရုတ်တွေလျှောက်သင်ပေးမနေနဲ့ |Uni

ချိယွီ သူ့ခေါင်းထဲမှာ တစ်စုံတစ်ခုက ပေါက်ကွဲတော့မလိုအသံတစ်ခု တုန်ခါသွားသံကို ကြားလိုက်ရတယ်။

ချိယွီရဲ့မျက်နှာဟာလည်း ဖြူဖျော့သွားကာ၊ စက္ကန့်အနည်းငယ်အတွင်းမှာဘဲ နှစ်ဆ ပြန်တက်လာခဲ့တယ်။ တခဏချင်းမှာပဲ ချိယွီရဲ့မျက်နှာက ဖြူဖျော့ နီရဲလာပြီး သိပ်မကြာခင်မှာပဲ သူ့တစ်ကိုယ်လုံးက အရေပြားတွေဟာ ပန်းရောင်သန်းလာတော့တယ်။ အထူးသဖြင့် သူ့နားရွက်တွေက အလွန်ကိုမှနီရဲလို့နေတယ်။

လေထုဟာလည်း သေလောက်အောင်တိတ်ဆိတ်လို့သွားခဲ့တယ်။

ချိယွီတစ်ယောက် နေရာမှာတင်ဘဲအေးခဲသွားခဲ့ပြီး၊ ခဏအကြာမှာတော့ ဟယ်ကျိုးကိုပြန်တုံ့ပြန်ဖို့ လက်ဆန့်ထုတ်လိုက်တယ်။

အထောက်အပံ့မရှိတော့တဲ့အတွက် အတွင်းခံဟာလည်းလျှောကျသွားခဲ့ပြီး ချိယွီလည်း သူ့ရဲ့အောက်ပိုင်းမှ အေးစက်မှုကို ခံစားလိုက်ရတော့တယ်။

သူ့မျက်နှာက ပိုလို့တောင် ရဲတက်လာခဲ့ပြီး ချက်ချင်းဘဲ အောက်ခံဘောင်းဘီကိုကုန်းဆွဲကာ မတင်လိုက်ရတယ်။

အားးးးး ငါ သေပါရစေ!

ကမ္ဘာပျက်ရင်လည်းပျက်ပါစေတော့ ! ဒီကမ္ဘာမှာ ငါဆိုတာ မရှိတော့ဘူး ! ! !

ချိယွီက သေလောက်အောင်ပင် ရှက်ရွံ့နေပြီး သူ့စိတ်ထဲမှာတော့ အော်ဟစ်ငိုကြွေးလို့နေပေမယ့်လို့ ကိုယ့်ကိုယ်ကို ဖိအားပေးကာ အတင်းတည်ငြိမ်ယောင်ဆောင်ရင်း : "အာ၊ မင်းဘာလို့ဒီရောက်နေတာလဲ?"

အကယ်၍ သူသာ အခြားတစ်ယောက်က သူ့ရဲ့ရှက်စရာပုံစံကို မြင်ရလျှင် ယုံကြည်ချက်ရှိရှိဖြင့် ထိုအခြားတစ်ယောက်ကို အခန်းအပြင်မောင်းထုတ်လိုက်နိုင်သော်လည်း၊ အခုဟာက ဘောင်းဘီမှာ ဟယ်ကျိုး ပစ္စည်းဖြစ်၍ သူကိုယ်တိုင်ကလဲ ရှက်ရွံ့နေသေးတာကြောင့် မောင်းမထုတ်ရဲပေ။

ဟယ်ကျိုးက လက်ပိုက်လို့သူ့ကိုကြည့်လာပြီး၊ အခန်းတံခါးဝကို ဘေးတိုက်မှီရင်းဖြင့် : "ငါဒီမှာ ခဏနေမယ်လို့ပြောခဲ့တယ်လေ၊ပြီးတော့ မင်းလည်း တံခါးကို ပိတ်မှမထားဘဲ"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now