Part - 28 (Z+U)

6.8K 987 33
                                    

🍼 Handstand Shampooလာပြီလား? |Uni

ဧည့်ခန်းကျယ်ကြီးဟာ တိတ်ဆိတ်လို့နေပြီး လေထုဟာလည်း အနည်းငယ် မှုန်မှိုင်းလို့နေလေတယ်။

ဟယ်ကျိုးက ချိယွီကိုဘေးကနေ တိတ်ဆိတ်စွာရပ်ကြည့်နေပြီး၊ သူ့ရဲ့ခါးကို ငုံ့ကိုင်းလိုက်တယ်။

သူ့ကြည့်ရတာ တစ်ခါမှ ချိယွီကိုဒီလောက်ထိ စိတ်ဓာတ်ကျဖူးတာကို မမြင်ဖူးပုံပင်။ သူဟာ အမြဲတမ်းလိုလို တက်ကြွကာ၊အသက်ဝင်လို့နေပြီး အမြဲတမ်းလဲ တညံညံဖြင့် သူ့မျက်ဝန်းတွေဟာလည်း တောက်ပကာအဆုံးမဲ့တက်ကြွနေကျဖြစ်သည်။

ဟယ်ကျိုးရဲ့ ပိုက်ထားလျက်သားလက်တွေဟာလည်းလှုပ်ရှားသွားပြီး၊ သူ့အနေနဲ့ ခြေတစ်လှမ်းလောက်တိုးကာ ချိယွီရဲ့ခေါင်းကိုပုတ်ပေးရင်း နှစ်သိမ့်ပေးချင်နေမိသည်။

သူ့ကိုနှစ်သိမ့်ပေးချင်တာလား? ဒီလို အရိုင်းဆန်တဲ့ကောင်ဆိုးလေးကိုလေ?

သူ့ရင်ထဲမှာထိုသို့တွေးလိုက်မိတော့၊သူ့ရဲ့ ခန္ဓာကိုယ်ဟာလည်း ထိုအတွေးနဲ့အတူ စီးမြောလို့သွားခဲ့တယ်။

သူက ခြေလှမ်းကာအရှေ့ကိုလျှောက်သွားလိုက်ပြီး၊ သူ့လက်ကိုဆန့်လိုက်တာနဲ့ ချိယွီက ခါးမတ်မတ်ထထိုင်လိုက်တာကိုတွေ့လိုက်ရတယ်။ ချိယွီကြည့်ရတာတော့ သူ့လုပ်ရပ်တွေကို သတိမပြုမိပုံပါပင်။ သူက ဆိုဖာပေါ်မှာထိုင်ပြီး ခေါင်းကိုလှည့်ကြည့်လာရင်း ဝန်ထုပ်ဝန်ပိုးတစ်ခုကို လွှတ်ချလိုက်ရသလိုမျိုး အသက်ပြင်းပြင်းရှူထုတ်လိုက်တယ်။

ဟယ်ကျိုးရဲ့ ဆန့်ထားတဲ့လက်က ရပ်တန့်သွားခဲ့ပြီး : "အဆင်ပြေရဲ့လား?"

ချိယွီက ဟယ်ကျိုးသူ့ခေါင်းကိုပုတ်ပေးမလို့လုပ်လိုက်တာကို မသိခဲ့ဘူး။ သူက မတ်တပ်ထရပ်လိုက်ပြီး ၊ ယွီကျိုးလေးကို ပုခက်ထဲ ထည့်သိပ်ပေးလိုက်တယ်။ ချိယွီက ဟယ်ကျိုးကို တစ်ချက်တောင်ကြည့်မလာဘဲ ဆိုဖာပေါ်သာတင်ပျဉ်ခွေ ပြန်ထိုင်လိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်တယ်။

သူက သူ့ကိုယ်သူ ဘယ်တော့မှ အကြာကြီး စိတ်ဖိစီးဖို့ ခွင့်ပြုမှာမဟုတ်ပေ။ အကယ်၍ သူသာ မပျော်ဘူးဆိုရင်လည်း၊ ပျော်စရာ တစ်ခုခုရှာရတာပေါ့။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now