Part - 30 (Z+U)

5.6K 941 34
                                    


🍼 ဘယ်ချိယွီလဲ? |Uni

ညလေညှင်းလေးက သူ့နှာဖူးပေါ်ကဝဲကျလို့နေတဲ့ ဆံနွယ်တွေပေါ် တိုက်ခတ်လို့လာခဲ့တယ်။

ဟယ်ကျိုးက ပြတင်းပေါက်နားမှာ မတ်တပ်ရပ်လို့နေပြီး၊ သူ့ရဲ့ အရိပ်ဟာလည်း အဝေးကမီးအလင်းရောင်ကြောင့် ထင်ဟပ်လို့နေလေတယ်။

သူ့ရဲ့ မျက်ခုံးတန်းတွေဟာလည်း အသာအယာ ကြုံ့လို့သွားခဲ့ပြီး၊ သူ့ရဲ့ မျက်နှာသွင်ပြင်ဟာလည်း အေးစက်လို့နေကာ သွယ်လျတဲ့လက်ချောင်းတွေဟာလည်း ပြဿနာတစ်ခုခုကိုတွေးတောနေသကဲ့သို့ ပြတင်းပေါက်ဘောင်ကို တဒက်ဒက်မြည်အောင်ခေါက်လို့နေတယ်။

အချိန်အတော်ကြာမှသာ၊ လှုပ်ရှားလာခဲ့တယ်။

သူက ဖုန်းကိုထုတ်ယူလိုက်ပြီး၊ နံပါတ်တစ်ခုကိုရှာကာ နှိပ်လိုက်တယ်။

"ငါ့အတွက် နန်ရှန်းပန်းခြံနဲ့နီးတဲ့ ပိုကွေ့ အပန်းဖြေစခန်းက ဟိုတယ်တစ်ခုကို စာရင်းသွင်းထားပေး ၊အမိုးဖွင့်ရေကူးကန်ပါပါပြီး-"

အဝင်callကို ဖော်ပြတဲ့ "တုန်ခါ" သံထွက်ပေါ်လာခဲ့တယ်။

ဟယ်ကျိုးက ဖုန်းကို အနီးနားယူကာကြည့်လိုက်တယ်။ သူ မျက်ခုံးပင့်လိုက်မိကာ ဖုန်းကို တိုတိုတုတ်တုတ်ဘဲ ခပ်မြန်မြန် ပြန်ဖြေလိုက်တယ်။ "အတိုချုပ်‌ ပြောရရင် ၊ အကောင်းဆုံးနေရာကို သတ်မှတ်ပြီး အမျိုးသားနေ့ တစ်ချိန်လုံးကို ငှားထားပေး ။ ကျန်တာတော့ မင်းဘာသာ ကြည့်စီစဉ်လိုက်တော့"

ဟယ်ကျိုးက ဖုန်းချဖို့လုပ်လိုက်ပေမယ့်၊တစ်ခုခုကို တွေးမိသွားတာကြောင့် ထပ်ပေါင်းထည့်ကာပြောလာခဲ့တယ်။"လူနှစ်ယောက်စာနော်"

ထိုသို့ပြောပြီးနောက်၊ ဖုန်းချလိုက်တယ်။

ပြီးနောက်၊သူ ခုနက အဝင်callလာသွားတဲ့ဖုန်းကို နှိပ်ကာ၊ပြန်ခေါ်ဆို လိုက်တယ်--

"အဖေ" သူပြောလိုက်တယ်။

--

အခြားတစ်ဖက်မှာတော့၊ ချိယွီက အစီအစဉ်များကို စေ့စေ့စပ်စပ် လုပ်ဆောင်လို့နေသည်။

ဆရာဝန်က သူ့အား ခွဲစိတ်မှုကိုကြိုစီစဉ်ထားပေးမယ်လို့ ပြောထားတာကြောင့် သူ့ကိုစဉ်းစားခိုင်းထားသည်။ သူ့အနေနဲ့တော့ နှစ်ခါတောင်မစဉ်းစားလိုက်ရပါဘဲ ချက်ချင်းပင် လက်ခံလိုက်သည်။ သူက မနက်ဖြန်တောင် တစ်ပတ်တာအတွက် ကျောင်းကိုခွင့်တိုင်ဖို့ စီစဉ်ထားပြီးသားဖြစ်သည်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now