Part - 47 (I'm back y'all)
1K 112 15
(မိနစံ မေ့နေကြလောက်ရောပေါ့ 🙆
ဒါလေးမဖတ်ခင် အပေါ်ကအပိုင်းလေးတွေ ပြန်ဖတ်ချင်ပြန်ဖတ်လိုက်ကြပါအုံး။  )
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
< UNI  >
ဒါဘယ်လိုအခြေအနေကြီးလဲ?
ဘယ်လိုဖြစ်လို့ ဒီလောက်တောင်လိမ္မာတဲ့ကလေးမှာ အမြှီးကထွက်လာရတာလဲ? ဒီအမြှီးကကော ပြန်ပျောက်သွားမှာလား?
ချိယွီတစ်ယောက် အံ့အားသင့်ကာ ကြောင်အလို့နေမိသည်။
သူ အမြှီးလေးကိုစိုက်ကြည့်ရုံသာကြည့်နေနိုင်ပြီး ထပ်မံမထိတွေ့ရဲတော့ပေ။
ချိယွီထပ်မံမထိတွေ့တော့သော်လည်း အလွန်မရင့်ကျက်သေးပုံပေါ်သော အမြှီးလေးမှာ သူ့ဟာသူခါယမ်းလို့နေကာ အပျော့ပြောင်းဆုံးအပိုင်းဖြစ်လောက်မည့်အမြှီးအဆုံးလေးက ချိယွီရဲ့လက်ချောင်းများကို ချစ်ခင်စွာဖြင့်ပွတ်သပ်ပေးလို့နေသည်။
ရှောင်ကျိုးလေးကိုကြည့်မိတော့ ကလေးက နှစ်ခြိုက်စွာအိပ်စက်လို့နေကာ နှုတ်ခမ်းလေးကကော့တက်‌လို့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ဟာလဲ နီမြန်းလို့နေလေတယ်။
ရှောင်ကျိုးက သေချာပေါက် သူ့ရဲ့သွေးသားအစစ်ပါ။ ဒါနဲ့ အဲ့ဒီအမြှီးကတော့...
ချိယွီရဲ့ မျက်ခုံးတွေကအပေါ်ကိုပင့်တက်သွားပြီး သူ့ရဲ့ခေါင်းထဲမှာ အတွေးမုန်တိုင်းထန်လာခဲ့တယ်။
သူကြည့်ခဲ့ဖူးတဲ့ X-Men, Mutants, Harry Potter စတဲ့ရုပ်ရှင်တွေကြောင့် ယွီကျိုးလေးဟာ သူမသိတဲ့ကမ္ဘာတစ်ခုခုရဲ့ ကယ်တင်ရှင်ဒါမှမဟုတ် အရွေးခြယ်ခံရသူများဖြစ်နေမလားလို့ အတွေးပွားလာစေခဲ့တယ်။
အပေါ်ကရုပ်ရှင်တွေအရ သာဆိုရင်တော့ သူ့ကို အနာဂတ်မှာတစ်ယောက်ယောက်က စပရှယ်ကျောင်းတစ်ခုမှာတက်ဖို့ဖိတ်ခေါ်လာလိမ့်မယ်၊ ဗီလိန်စီကနေ အနိုင်ကျင့်ခံရမယ်၊ ပြီးရင်တော့ စွမ်းအင်တွေရလာပြီး လူအားလုံးကိုကယ်တင်နိုင်တဲ့ကယ်တင်ရှင်ကြီးဖြစ်လာမယ်ပေါ့။