Part - 19.2 (Z+U)

6.9K 1.2K 25
                                    

🍼မရည်ရွယ်ပါဘဲ ကြွားမိသွားခြင်း • 2 |( Uni )

ချိယွီသည် ထိပ်တန်း Alpha 100အကြားတွင် တစ်ယောက်တည်းသော Omega ဖြစ်ရုံသာမက ဟယ်ကျိုးကိုပင် ကျော်တက်ကာ အမြင့်ဆုံးနေရာကို ရယူခဲ့သည်။

ချိယွီရဲ့ တရုတ်စာပေ စာမေးပွဲကို အဆင့်သတ်မှတ်ပေးသော ဆရာဆုန်းက "ကျွန်တော် သူ့ကို နှစ်နှစ်လောက် သင်ပေးခဲ့ဖူးတာ၊ ဒီလိုမျိုး ရလဒ်တွေ ရနိုင်စရာ အကြောင်းမရှိဘူး၊ သေသေချာချာ စုံစမ်းဖို့ လိုမယ်ထင်တယ်။ သူက အဆင့်မြင့်တဲ့ခိုးချနည်းတစ်မျိုးကို သုံးထားတာဘဲဖြစ်ရမယ် ၊ ဒါမှမဟုတ်ရင် မေးခွန်းပေါက်ကြားသွားတာဖြစ်ရမယ် ။ "

ချိယွီ ရဲ့ သင်္ချာစာမေးပွဲကို ကြီးကြပ်ခဲ့တဲ့ ဆရာလင်က သဘောမတူစွာဝင်ပြောလာခဲ့တယ်။

"သူ့ကို ငါ စာမေးပွဲပြီးတဲ့ထိ မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာ ။ သူ့မျက်လုံးတွေက စာမေးပွဲခန်းထဲမှာ တစ်ခါမှ အကြည့်မလွဲခဲ့ဖူးဘူး။ စာမေးပွဲပြီးလို့ အိပ်ပျော်သွားတာက နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းပေမယ့် သူသေချာပေါက် မခိုးချခဲ့ဘူး ။ နောက်တစ်ခုက ၊ မေးခွန်းပေါက်ကြားပြီး မေးခွန်းတွေကို တစ်နည်းနည်းနဲ့ ကြိုဖတ်ထားရင်တောင် သာမန်ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုရှုပ်ထွေးတဲ့ မေးခွန်းပေါင်းစုံနဲ့ ရှုပ်ထွေးတဲ့ ဖော်မြူလာတွေကို အလွတ်ကျက်နိုင်ပါ့မလား?"

"ဒီတော့ အတန်းထဲမှာ အမှတ်အနည်းဆုံးသူက တစ်ခန်းလုံးကိုကျော်တက်ပြီး ရုတ်တရက်ကြီး အဆင့်1ရသွားတယ်ပေါ့လေ ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းစိတ်ကူးယဉ်ဝတ္ထုတေဘာတေများရေးနေတာလား?"

နောက်ထပ်ဆရာတစ်ယောက်ကလဲ ဝင်ပြောလာခဲ့တယ်။
"ငါလဲ အမှတ်တွေနဲ့ပတ်သက်ပြီးသံသယဖြစ်နေတာ။ Omega တစ်ယောက်က ဘယ်လိုလုပ်ပြီး Alphaကိုကျော်တက်နိုင်မှာလဲ?၊ အထူးသဖြင့် သင်္ချာမှာပေါ့။ Omegaတွေထဲမှာ ရဖူးတဲ့အများဆုံးအမှတ်ဆိုလို့ 115လောက်ဘဲ၊ Betaတွေမှာဆိုရင်တော့ 120ကအများဆုံးဘဲ ။ သူဘယ်လိုလုပ် အမှတ်160တောင်ရနိုင်ရတာလဲ?"

"Alphaအယောက်300 ကျော်ထဲမှာ 6ယောက်လောက်ဘဲ သင်္ချာမှာအမှတ်ပြည့်ရတာ။ ခုလို ခက်ခဲတဲ့စာမေးပွဲမှာ Omegaတစ်ယောက်အတွက် အမှတ်ပြည့်ရဖို့က လုံးဝမဖြစ်နိုင်တာကြီးကို"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now