part - 13 (Z+U)

8.8K 1.4K 57
                                    

🍼 မဖတ်ရသေးသော private message များ ( Uni )

ရှီးယွီရှင်းက ချိယွီကိုကြောင်အကာ ငေးစိုက်ကြည့်နေမိတယ်။
"ဒါဆိုရင် ၊ ဒါက ယွီကျိုးလေးက ဟယ်ကျိုးရဲ့သားအရင်းဆိုတာကို သက်သေပြနိုင်လား?"

ချိယွီက သူ့ရဲ့ခေါင်းကိုတွန့်ဆုတ်စွာ ခါပြလာတယ်။
"မသိဘူး။ ကလေးတစ်ယောက်က မွေးကတည်းက မိဘ pheromone နဲ့ မိဘမဟုတ်သူရဲ့ pheromone ကို ခွဲခြားနိုင်လား?"

ရှီးယွီရှင်း: "ကြားတော့မကြားဖူးဘူး"

ချိယွီကသူ့ဖုန်းကိုထုတ်ကာ ထိုအကြောင်းကိုရိုက်ရှာလိုက်တော့တယ်။

Onlineပေါ်က စွယ်စုံကြမ်းတွေက ဆရာဝန်တွေပြောသလို 'pheromone ချို့တဲ့ကလေးတွေက သူတို့ရဲ့တ​ခြားမိဘ ရဲ့ pheromone ကိုလိုအပ်နေတာ' လို့ တစ်ထပ်တည်းပြောထားတာဖြစ်တယ်။ သို့သော်လည်း ထို "မိဘ" လို့ခေါ်သည့်အရာက 'ကလေးက ရိုးရှင်းစွာဘဲ မှတ်မိသောသူ သို့မဟုတ် တစ်ကယ့်မိဘအရင်း' ၊ မည်သည်ကိုဆိုလိုသည်မှန်း ဖော်ပြထားခြင်းမရှိပေ။

"တစ်ကယ်လို့ အဲ့ဒါတွေအားလုံးက ယွီကျိုးလေးရဲ့ ဟယ်ကျိုးအပေါ်ထားတဲ့ရင်းနှီးမှုအပေါ်မှာ အခြေခံနေရင် ဘယ်လိုလုပ်မလဲ?"

ချိယွီက မျက်ခုံးပင့်ကာ အတည်ပေါက်မျက်နှာအမူအရာနဲ့ ပြောလာတယ်။ " မင်းခုလေးတင် ငါ့ကိုပြောခဲ့တဲ့အရာတွေက တစ်ကယ်အမှန်တွေပါလို့ မင်းအာမခံနိုင်လား?"

မူလ ချိယွီက သူ့အတွက် ဘာအချက်အလက်မှမချန်ခဲ့သလို ၊ ရှီးယွီရှင်းကလဲ သူ့ကို ဘာမှမထုတ်ဖော်ပြပြန်ဘူး။

ဒီအကြောင်းတွေအားလုံးကို ရှီးယွီရှင်းက ပြောပြခဲ့တာဖြစ်ပြီး ရှီးယွီရှင်းက မူလချိယွီရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သည်။ ဒီတော့ သူက ပုဂ္ဂလဓိဋ္ဌာန်ကျကျဘဲ မူလချိယွီကိုဘက်လိုက်ပြီး ပြောနိုင်သည်။ လွမ်းဆွတ်ခြင်းက အချိန်နှင့်အမျှ အမှတ်တရများကို လှပလာစေနိုင်ပြီး နှင်းဆီရောင်မျက်မှန်ဖြင့်* ကွယ်လွန်သွားတဲ့ သူငယ်ချင်းကောင်းတစ်ယောက်၏ အမှတ်တရတွေကို အလွယ်တကူ ရိပ်မိနိုင်တာကို ထည့်မပြောတော့ပါဘူး။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now