Part-48

1.3K 145 6
                                    

< UNI >


နှစ်ယောက်သား tatamiဖျားပေါ်ထိုင်ရင်းငြိမ်နေကြသည်။

တိတ်ဆိတ်မှုကအခန်းကို လွှမ်းမိုးလို့သွားကာ ရှောင်ကျိုးလေးရဲ့အသံက တိတ်ဆိတ်မှုကိုချိုးဖျက်ပေးလာခဲ့တယ်။ နှစ်ယောက်လုံး အသံလာရာကလေးပေါက်စီအကြည့်ပို့မိကြသည်။

ရှောင်ကျိုးလေးမှာတော့ ပျော်ရွှင်လို့နေကာ ၊ အဲ့အားသင့်စွာသူ့အမြှီးလေးကိုခါယမ်းကြည့်လို့နေတယ်။

--ဟယ်ကျိုး အကုန်သိသွားပြီးဖြစ်‌တာကြောင့် ချိယွီလဲအရင်လိုဖုံးကွယ်မနေတော့သလို အမြှီးလေးကိုလဲ ဖိအားပေးမသိမ်းတော့ပဲ ခါယမ်းခွင့်ပြုထားလိုက်တယ်။

ထိုအချိန်မှာ အမြှီးလေးက ကွေးညွှတ်သွားကာ ချိယွီလက်ကို တွယ်ချိတ်လာပြီး ချိယွီရဲ့လက်နဲ့ဆော့ကစားလာတယ်။ သူ့မားမားလက်ကိုချိတ်မိရင် ပျော်ရွှင်စွာမြူးထူးနေပြီး ပြန်ဖြုတ်လို့ထပ်ချိတ်တဲ့အခါ လွဲချော်သွားရင် မျက်မှောင်ကြုံ့ဆူပုတ်ကာ ထပ်မံကြိုးစားမည်ဖြစ်သည်။

ဟယ်ကျိုးက ကလေးကိုအချိန်ကြာမြင့်စွာကြည့်နေပြီးနောက် : "ဘာလို ကလေးကအဲ့လိုပြုမူနေရတာလဲ?"

ချိယွီ : "ငါလဲမသိဘူး"

"ဒါဆိုဘယ်တုန်းက ဒီအမြှီးပေါက်လာတာလဲ?"

"သူတရေးတမောအိပ်ပြီး နိုးတော့ထွက်လာတာပဲ"

ထို့နောက်ချိယွီကဟယ်ကျိုးကိုတစ်ချက်ကြည့်ကာ : "ကဲထပ်မမေးနဲ့တော့! ၊ ငါလဲမသိတော့ဘူး"

ဟယ်ကျိုးလဲငြိမ်သွားခဲ့တယ်။
သူက ရှောင်ကျိုးလေးကို နက်ရှိုင်းတဲ့အကြည့်တွေနဲ့ကြည့်ရင်း မျက်မှောင်အနည်းငယ်ကြံ့မိသွားကာ တဖြည်းဖြည်း သူ့မျက်နှာဟာလဲပိုတည်လာခဲ့တယ်။

ချိယွီက ရှောင်ကျိုးလေးကိုပွေ့ဖက်လိုက်ပြီး : "ဒါနဲ့တခြားသူတွေကိုအသိပေးလိုက်လို့မဖြစ်ဘူး !၊ အဲ့လိုဆို...အကုန်ပြဿနာတက်ကုန်လိမ့်မယ်...။ မင်းသဘောတူလား?"

အမြှီးထွက်လာတဲ့ကိစ္စက လုံးဝသွေးရိုးသားရိုးမဟုတ်ပေ။

ရှောင်ကျိုးလေးရဲ့အမြှီးကိစ္စမှာ တစ်ကယ့်ကို ကိစ္စရပ်ကြီးတစ်ခုဖြစ်ပြီး ပြင်ပလူတွေသာသိသွားပါက သတင်းစာခေါင်းကြီးပိုင်းတွေတွင်ပါလာလိမ့်မည်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now