Part - 11 . 2 (Z+U)

9.4K 1.4K 85
                                    

🍼 ဂျယ်လီတွေနင်နေသော ဟယ်အကိုကြီး ( Uni )

ရှီးယွီရှင်းက သူ့ရဲ့ခေါင်းကို ဆတ်ခနဲလှည့်လိုက်ပြီး အသံကြားရာတည်နေရာကိုလှည့်ကြည့်လိုက်တယ်။

သူ ကျောင်းတစ်ကျောင်းလုံးနှံ့နေအောင်ရှာကြည့်ခဲ့ပေမယ့် အချိန်ကအတော်နောက်ကျနေပြီ ဖြစ်တာကြောင့် လူတစ်ယောက်မှမတွေ့ခဲ့ဘူး။နောက်ဆုံးမှာတော့ ချိယွီက ယွီကျိုးလေးအကြောင်းဆွေးနွေးဖို့ လို့ပြောခဲ့ကတည်းက အဲ့ဒါကသီးသန့်ဆန်ပြီးခပ်ဝေးဝေးက နေရာတစ်ခုဖြစ်လိမ့်မယ်လို့ သူတွေးလိုက်မိတယ် ၊ ဒါ့ကြောင့် သူတောထဲလာခဲ့ပြီး သူ့ရဲ့ကံကို စမ်းကြည့်ခဲ့တာဖြစ်တယ်။

နောက်ဆုံးတော့ သူချိယွီကို ရှာတွေ့ခဲ့ပြီ။

လူကိုမ‌တွေ့သေးပေမယ့်လို့ တည်နေရာက ယေဘုယျအားဖြင့် ဒီနားတစ်ဝှိုက်မှာဘဲဖြစ်ရမယ်။

ရှီးယွီရှင်း သူ့ရဲ့ ဖုန်းကိုထုတ်ကာချိယွီကို ထပ်မံခေါ်ဆိုလိုက်ပြန်တယ်။ သို့သော်လည်း သူဘာ ဖုန်း ringtone သံမှမကြားရတာကြောင့် ချိယွီက သူ့ရဲ့ဖုန်းလွတ်ကျလို့ ပျက်နေတယ်လို့ မကြာသေးခင်က ပြောခဲ့တာကို ရှီးယွီရှင်း သတိရလိုက်တယ်။

ရှီးယွီရှင်း သူ့ဖုန်းကနေ flashlight ကိုဖွင့်လိုက်ကာ ခုဏက အသံကြားခဲ့ရတဲ့ နေရာဆီလျှောက်သွားလိုက်တယ်။

"ချိယွီ ?"

"မင်း အဲ့ဒီမှာလား ?"

"မင်း ဘယ်မှာလဲ?"

အချိန်ခဏလောက်ထိလျှောက်အပြီးမှာတော့ ရှီးယွီရှင်းရဲ့နှာခေါင်းထိပ်ဟာ ဖျော့တော့တဲ့ ပန်းရနံ့ကို ခံစားလိုက်မိတယ်။ ရှီးယွီရှင်းအနံ့ခံကြည့်လိုက်တော့ အမွှေးနံ့သာ တစ်ခုရဲ့ရနံ့ကိုရလိုက်တယ်။

သူ ချက်ချင်းဘဲ ခေါင်းလှည့်လိုက်ပြီး အနံ့လာရာတည်နေရာဆီကို လျှောက်လာလိုက်တယ်။

ဖုန်းရဲ့ မီးအလင်းရောင်က နေရာအနှံ့ဖြန့်ကျက်နေပြီး နောက်ဆုံးမှာတော့ သူတစ်နေရာရာမှာ တစ်ခုခုတွေ့လိုက်ရတယ်။ ကြည့်ရတာအဲ့ဒါက...ထပ်နေတဲ့ခြေထောက်နှစ်စုံ ဖြစ်ပုံရတယ် ?

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now