Part - 20.1 (Z+U)

7.1K 1.3K 62
                                    

🍼 ဘယ်လိုတောင်းပန်ဖို့ စီစဥ်ထားလဲ? • 1 | ( Uni )

လုံချန်းကျောင်းရဲ့ ဆရာများရုံးခန်းမှာတော့ လေထုက အနည်းငယ် တောင့်တင်းလို့နေတယ်။

"ကောင်းရော ၊ ခုတော့ မင်းက ရှောင်ချူးကို စိတ်ပျက်အောင်လုပ်လိုက်တာဘဲ"


"ငါ သူမကို ဒေါသထွက်သွားအောင်တမင်လုပ်ခဲ့တာမှမဟုတ်ဘဲ။ ငါက ဖြစ်သင့်တာတွေကိုထောက်ပြလိုက်ရုံပဲဟာ ။အဆိုးဆုံးကျောင်းသားက ရုတ်တရက်ကြီး အတော်ဆုံးဖြစ်လာတာလေ ၊ ငါ မေးခွန်းထုတ်လို့တောင်မရဘူးလား?" ဆရာမချူးနဲ့ ခုလေးတင် အပြင်းအထန်ငြင်းခုံခဲ့တဲ့ ဆရာယုက သူ့မေးစေ့ကို ဂုဏ်ယူစွာပင့်မော့လို့ထားတယ်။


ဆရာချမ်းကလဲ ဒေါသထွက်လို့နေတယ်။ "ဒါပေမယ့် မင်းမှာ သူခိုးချပါတယ်ဆိုတဲ့ သက်သေမှမရှိတာ။ဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ?။ ကျောင်းသားတစ်ယောက်ကို ဘာအထောက်အထားမှမရှိဘဲ ပစ်မှတ်ထားတာက ဆရာတစ်ယောက်လုပ်သင့်တဲ့လုပ်ရပ်လား?"



ဒုတိယမြောက်ရန်ပွဲ မစတင်ခင်မှာဘဲ တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့တယ်။


*ဒေါက် ဒေါက် ဒေါက် --*


ဆရာတွေအားလုံးက တိတ်ဆိတ်သွားကြပြီး အသံလာရာကိုလှည့်ကြည့်လာကြကာ လျှောက်လမ်းမှာ မတ်တပ်ရပ်နေတဲ့ သွယ်လျတဲ့ကျောင်းသားတစ်ယောက်ရဲ့ ပုံရိပ်ကိုတွေ့လိုက်ကြရတယ်။

အမှန်မှာ ၊ သူက အလင်းလာရာရဲ့ ဆန့်ကျင်ဘက်ကိုကျောပေးရပ်ထားတာကြောင့် သူတို့အနေနဲ့ သူ့မျက်နှာကို သေချာရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ ။ အဲ့ဒါက သူ အရှေ့ကို ခြေလှမ်းနှစ်လှမ်းစာမျှ ထပ်တိုးမလာခင်အထိသာဖြစ်ပြီး၊ အဲ့နောက်တော့ သူက ကျောင်းအငြင်းပွားမှုရဲ့ အဓိကဇာတ်ကောင်၊ ချိယွီမှန်း အားလုံးသိလိုက်ကြတယ်။

ဒီ သခင်လေးက တစ်ကယ့်ကို ကျောင်းရုံခန်းကို တိုက်ရိုက်လာခဲ့တာဘဲ။

ဆရာတွေအားလုံးက တစ်ယောက်မျက်နှာတစ်ယောက် အချင်းချင်းကြည့်မိသွားကြကာ ၊ ခဏအကြာမှာတော့ ၊ ဆရာတစ်ယောက်က ပြောလာခဲ့တယ်။"ကျောင်းသား၊ ဘာကိစ္စများရှိလို့လဲ?"



『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now