Part - 25 (Z+U)

7.8K 1.1K 86
                                    

🍼ငါမင်းကိုမကြိုက်ဘူး |Uni

လည်ပင်းပေါ်က တားဆေးလည်ပတ် ပြုတ်သွားသည်နှင့်တစ်ပြိုင်နက်ပင် ချိယွီတစ်ယောက် ခေါင်းမူးဝေလာကာ ငိုက်မျဉ်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။

သူ ဟယ်ကျိုးကို ဤမျှလောက်အရှက်ကင်းမဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။ တားမြစ်လည်ပတ်နဲ့ပတ်သက်လို့ သူအနေနဲ့ စိမ်းသက်မနေဘူး၊ သေချာတာပေါ့၊သူ ဒီ ကမ္ဘာရဲ့ လိင်ဆက်ဆံမှုကြားက alphaတွေရဲ့အနေအထားကို သိပ်သိတာပေါ့။

ဘယ်လောက်ဘဲ တာဆေး၊ထိန်းချုပ်ဆေးတွေက အစွမ်းထက်နေပါစေ ၊ သူတို့တွေက alphaတစ်ယောက်ရဲ့ pheromoneနဲ့တိုက်ရိုက် ထိုးနှက်မှုတွေကို ရှောင်နိုင်မှာမဟုတ်ဘူး။

"လူယုတ်မာကောင်!!"

ချိယွီ ခပ်မြန်မြန်ဘဲ ဆဲရေးလိုက်ပြီး၊ အိပ်ခန်းထဲက အမြန်ပြေးထွက်လာခဲ့တယ်။

သူ့မှာ အဝတ်တောင်ဝတ်ဖို့အချိန်မရလိုက်ဘဲ ခြေဗလာနဲ့ပြေးဆင်းလာတာကြောင့် လှေကားအဆင်းမှာတင် ပစ်လဲကျမလိုဖြစ်သွားခဲ့ရတယ်။ကံကောင်းစွာဘဲ ချိယွီက လှေကားလက်ကိုင်ကို အမှီလှမ်းကိုင်လိုက်နိုင်လို့သာ ၊ မဟုတ်ရင် သူသေချာပေါက် အကျည်းတန်စွာ လဲကျသွားမှာဖြစ်တယ်။

သို့ဆိုရင်တောင် ၊ သူပြေးနေရာကမရပ်တန့်ရဲပေ။ဒါ့ကြောင့် အမချမ်းရှိရာ မီးဖိုချောင်ဆီကိုသာ အမြန်‌အပြေးသွားလိုက်ရတယ်။ သို့ပေမယ့် သူစိတ်သက်သာရာမရခင်မှာဘဲ အနောက်ကိုလှည့်ကာ အရင်စစ်ဆေးကြည့်ရသေးသည်။

သူ့နောက်မှာ ဘယ်သူမှရှိမနေပေ၊ ဟယ်ကျိုးလဲ သူ့အနောက်လိုက်မလာခဲ့ဘူးဖြစ်သည်။

Nannyက ချိယွီကို အံ့အားသင့်စွာနဲ့ကြည့်လာပြီး : "မင်းဘာလုပ်နေတာလဲ? အဲ့လောက်လောနေရအောင် သရဲလိုက်လာလို့များလား?"

"ဟုတ်တယ်" ချိယွီက အပြင်ကိုကြည့်ကာ ခေါင်းတဆက်ဆက်ငြိမ့်ရင်း ဆိုလာတယ်။

Nannyလဲ ချိယွီရဲ့ပုံစံကိုကြည့်ရင်း မထိန်းနိုင်ဘဲရယ်လိုက်မိပြီး : "အရင်အဝတ်သွားဝတ်လိုက်ပါအုံး၊ အအေးမမိချင်ဘူးမဟုတ်လား? ခေါက်ဆွဲအတွက်တော့ ခဏလောက်စောင့်ရအုံးမယ်"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now