Part - 17 (Z+U)

7.8K 1.4K 106
                                    

🍼 ဟီးဟီးဟီး ( Uni )


လေထုအခြေအနေဟာ ရုတ်တရက် အေးခဲသွားခဲ့တယ်။

ချိယွီရဲ့ ဦးနှောက်ဟာလည်း ဗလာဖြစ်သွားခဲ့တယ်။

ဟယ်ကျိုးရဲ့စကားတွေက ဗုံးတစ်လုံးလိုဘဲ ၊ ပေါက်ကွဲသွားတဲ့အချိန်မှာ ချိယွီက သူ့ကံသူတောင်ပြန်သံသယဝင်နေမိတယ်။ ထိတ်လန့်နေမိတဲ့အရှိန်ကြောင့်လဲ ချိယွီက ထိုလူရဲ့ရင်ဘတ်ပေါ်မှာ လဲလျောင်းနေဆဲဆိုတာကိုတောင် သတိမမူမိခဲ့ဘူး။

သူ့ကိုယ်သူ အခြားယောက်ျားလေးတစ်ယောက်ကို ကြိုက်မိလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး။

သူက ယောက်ျား‌လေးတစ်ယောက်ကို ကြိုက်တယ်လို့ ပြောနေတာလား?

အဲ့ဒါက အရမ်း ရူးသွပ်လွန်းတယ်မဟုတ်လား?


"မင်းပဲပြောတော့ သိတယ်ဆို ?" ချိယွီက သူများနားကြားမှားသွားတာလားလို့ သံသယဝင်မိတာကြောင့် သူ့ရဲ့နှားရွက်တွေကို ပွတ်သပ်လိုက်တယ်။

ဟယ်ကျိုးက မျက်လွှာချလိုက်ပြီး သူ့ရဲ့ရင်ဘတ်ပေါ်မှီလှဲနေတဲ့ လူကို စောင်းငဲ့ကာကြည့်လိုက်တယ်။

နှုတ်ခမ်းပါးနီနီ ၊ အသားဖြူဖွေးဖွေး နှင့် ကျီးတောင်ကဲ့သို့ ဆံသားများဟာ ဟယ်ကျိုးသိခဲ့ဖူးတဲ့လူနဲ့ တစ်ပုံစံတည်းပါပင်။

(T/N :ကျီးတောင် ဆံသား = အလွန်နက်မှောင်ကာ တောက်ပသော ဆံသား)

သို့သော်လည်း ယခုအခါ ဤအရာအားလုံးက မတူညီသော အမူအရာနှင့် စိတ်နေသဘောထားကို ခံယူထားသည့် ချိယွီ၏အစိတ်အပိုင်းတို့ဖြစ်နေကြပြီဖြစ်သည်။

အထူးသဖြင့် ထိုမျက်လုံးတစ်စုံတို့သည် ကြည်လင်ပြတ်သားပြီး၊ စိတ်ရှုပ်ထွေးနေသည့်အခိုက်အတန့်တွင်ပင် ရေလှိုင်းများကဲ့သို့ ကြည်လင်ကာ အလင်းတန်းများကဲ့သို့ တောက်ပနေသည်။


"ငါပြောတာက ၊ မင်းငါ့ကိုကြိုက်နေတယ်ဆိုတာ ငါသိတယ်လို့" ဟယ်ကျိုးက သေချာနေတဲ့လေသံနဲ့ ပြန်ပြောလာတယ်။


သူက အမြဲတမ်း ဂုဏ်ယူဝံ့ကြွားခဲ့သော်လည်း ၊ ဘယ်သောအခါမှ ဘဝင်မြင့်မမောက်မာတတ်ပေ။


『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Nơi câu chuyện tồn tại. Hãy khám phá bây giờ