Part - 38 (Z+U)

4K 620 10
                                    

🍼ညီအစ်ကိုတွေက အဲ့လိုဘဲပြောကြသလား?|Uni

ဟယ်ရှောင်းက တိုင်းချီ gardenမှပြန်လာချိန်၊ ထမင်းစားခန်းသို့အသွား ကလေးငိုသံကိုကြားလိုက်ရတော့တယ်။

သူက လက်နောက်ပစ်ထားရင်း၊ မျက်မှောင်ကြုံ့လိုက်မိပြီး သူ့အမူအယာဟာလည်း ရွံရှာသည့်ပုံပေါ်လို့နေတယ်။

သူ့ရဲ့ သားမိုက် ဟယ်ကျိုးဟာ မနေ့ညက ဘာစကားတစ်ခွန်းမှကြိုမပြောခဲ့ပါဘဲ ကလေးလေးတစ်ယောက်ကို အိမ်ကိုခေါ်လာခဲ့ပြီး၊ သူ့အနေနဲ့ တစ်ယောက်ယောက်ကိုကူညီဖို့ ကလေးကို ရက်ပိုင်းလောက်ထိန်းပေးရမှာမို့လို့ လို့ပြောလာခဲ့တယ်။

တခြားတစ်ယောက်ရဲ့ကလေးဆိုရင်တော့ အဆင်ပြေပါတယ်။အိမ်မှာ အခန်းပေါင်းများစွာနဲ့ အစေခံပေါင်းများစွာရှိတာကြောင့် ကလေးဆယ်ယောက် ခေါ်လာပါစေ ကိစ္စမရှိပေ။ သို့ပေမယ့် ခုသူ့သားခေါ်လာသည့်ကလေးဟာ ချိယွီရဲ့ ကလေးဖြစ်နေသည်လေ !

သူ ထိုအကြောင်းကိုလည်းသိရော၊ ဒေါသထွက်လွန်းလို့ သေတော့မတတ်ပါပင်။ချက်ချင်းဘဲ ထိုသားမိုက်ကို ကြိုးတုပ်ပြီးရိုက်ပစ်ချင်မိသွားသည်။

ဟယ်ကျောင်း နဲ့ အစေခံတွေကသာ သူ့ကို အသဲအသန် ဝင်မတားခဲ့ကြပါက ၊ထိုသားမိုက်အနေနဲ့ အမျိုးသားနေ့ရဲ့ခုနစ်ရက်မြောက်နေ့မှာတောင် အပြင်ထွက်နိုင်မှာမဟုတ်ဘဲ၊ ကုတင်ပေါ်တွင်သာ နာခံစွာ လှဲလျောင်းနေနိုင်တော့မှာဖြစ်သည်။

ဘယ်လိုလူကများကိုယ့်ကို ဦးထုပ်စိမ်းစောင်းပေးလိုက်တဲ့ သူဆီက ကလေးကို အိမ်ခေါ်လာနိုင်ရတာလဲ?

ထိုအကြောင်းကိုစဉ်းစားပြီးနောက်၊ ဟယ်ရှောင်းတစ်ယောက် ပိုလို့ပင် ဒေါသထွက်လာခဲ့တော့တယ်။

သူက သုန်မှုန်နေတဲ့မျက်နှာနဲ့ ထမင်းစားခန်းဆီလျှောက်ဝင်လာခဲ့ပြီး၊ တံခါးဝနားက အနီရောင်ပုံရိပ်တစ်ခုကို တွေ့လိုက်ရတော့တယ်။

ထိုပုံရိပ်မှာ ခုလေးတင်မှနိုးထလာတဲ့ ဟယ်ကျောင်းဖြစ်သည်။

ဟယ်ကျောင်းက အမျိုးသားနေ့အားလပ်ရက်ကြောင့် သာ ယခုအချိန်၌ အိပ်ရာထလာခဲ့တာဖြစ်သည်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now