အခန်း(1)

12.2K 658 54
                                    

"သခင်​​လေး သခင်​​လေး"

မာန်​ စံအိမ်​ရဲ့ ပန်းခြံ​လေးထဲမှာ ထိုင်​​နေတုန်း အသံ​သေး​သေး​လေးနဲ့ ​အော်​ပြီး​ပြေးလာတဲ့ လူ​ကောင်​​သေး​သေး​လေး​ကြောင့်​ ပြုံးလိုက်​မိတယ်

"ရံရံ​လေး ဘာလို့​ပြေးလာရတာလဲ"

"သခင်​ကြီးက သခင်​​လေးကို ထမင်းစားဖို့ ​ခေါ်ခိုင်းလိုက်​လို့ ရံရံ ကလာ​ခေါ်တာ"

"ဒါနဲ့ ကိုယ့်​ကို ဘယ်​လို​ခေါ်ဖို့​ပြောထားလဲ စိုင်းမင်းကာရံ"

"ရံရံက"

မာန်​ ဆူလိုက်​​တော့ ​ခေါင်း​လေးငုံ့ရင်း ဘာမှမ​ပြောတာ​ကြောင့်​ မာန်​ပဲစိတ်​​လျော့လိုက်​ရတယ်

"ကိုယ့်​ကို ကြည့်​ ရံရံ"

မာန်​​ပြောလိုက်​​တော့ ​ခေါင်း​မော့ကြည့်​လာတဲ့ ရံရံ​လေး"

မာန်​ ရံရံရဲ့ လက်​​မောင်းနှစ်​ဖက်​ကို ဆုပ်​ကိုင်​လိုက်​ပြီး

"ရံရံနဲ့ ကိုယ်​နဲ့ ကဘယ်​လိုပက်​သက်​လဲ"

"သခင်​​လေးက "

မာန်​ မျက်​နှာခပ်​တင်းတင်းနဲ့ ကြည့်​လိုက်​​တော့မှ

"ကိုကို က ရံရံရဲ့ ခင်​ပွန်း​လောင်း ရံရံနဲ့ ကိုကိုက ​စေ့စပ်​ထားတာ"

"ဟုတ်​တယ်​ အဲ​တော့ ကိုယ့်​ခင်​ပွန်း​လောင်းကို သခင်​​လေး လို့​ခေါ်စရာလား"

"ဟို ဒါပင်​မယ့်​ ရံရံက ဘဘစိုင်းတို့ရဲ့​မွေးစားသား​လေ အိမ်​​တော်​က သခင်​​လေးကို ဘယ်​လိုလုပ်​"

"ဘယ်​လိုဖြစ်​လို့ အားငယ်​စိတ်​ဝင်​​နေတာလဲ ရံရံ ရံရံက အသက်​5နှစ်​ကတည်းက ကိုယ်​နဲ့ ​စေ့စပ်​ဖို့ သတ်​မှတ်​ခံထားရတာ​လေ ခုဆို10နှစ်​​တောင်​ကြာ​နေပြီ​လေ daddyတို့ရံရံကို မ​မွေးစားဘူးဆိုတာ ကိုကိုနဲ့ ညီအစ်​ကို ​တော်​​နေမှာစိုးလို့​လေ ရံရံကလည်း ဒီအိမ်​က သခင်​​လေးပဲ​လေ ​နောက်​ခါ ရံရံအဲလို အ​တွေး​တွေ ရှိ​နေရင်​ ကိုယ့်​​ရှေ့ကို မလာခဲ့နဲ့ "

"ကိုကို"

ရံရံကိုစိတ်​ဆိုးပြီးထွက်​သွားတဲ့ သခင်​​လေး စဝ်​ဖြိုးမဟာမာန်​ကိုကြည့်​ပြီး ရံရံဘာလုပ်​ရမှန်းမသိဖြစ်​သွားတယ်​ ရံရံကလည်း ရံရံပဲ ကိုကို က သခင်​​လေး ​ခေါ်တာမကြိုက်​မှန်းသိရဲ့နဲ့ သွား​ခေါ်ရတယ်​လို့

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now