အခန်း(9)

4.1K 370 34
                                    

"မငိုပါနဲ့ မငိုပါနဲ့ကွာ ကိုယ်​ ​တောင်းပန်​ပါတယ်​"

"ငါမင်းကို မုန်းချင်​လိုက်​တာ ငါ့ကိုတစ်​စက်​​လေးမှ လှည့်​မကြည့်​တဲ့ မင်းကို မုန်းချင်​လိုက်​တာ ဒါပင်​မယ့်​ မင်းကို မမုန်းနိုင်​တဲ့ ငါ့ကိုယ်​ငါပဲ အပြစ်​တင်​တယ်​ မာန်​​လေး ငါထွက်​သွားရင်​ မင်း​ပျော်​ရွှင်​မယ်​မလား ငါထွက်​သွား​ပေးပါမယ်​ မင်းအနားက​နေ မင်း​ရှေ့ကို ဘယ်​​တော့မှ မ​ပေါ်လာမိ​အောင်​ ငါထွက်​သွား​ပေးပါမယ်​ ဒီ​နေ့ကစပြီး ငါဆိုတာကို ​မေ့ပစ်​ပြီး မင်း​ပျော်​​ပျော်​ရွှင်​ရွှင်​​နေလိုက်​ပါ မာန်​​လေး"

"အဲလို မဟုတ်​ဘူး မသွား မသွားပါနဲ့"

တဖြည်းဖြည်း လူပုံစံက​နေ ဝံပု​လွေအဖြူ​ရောင်​ ပုံစံ​ပြောင်းသွားတဲ့ အဖြူ​ရောင်​ ဝံပု​လွေက မာန်​ကို မျက်​ရည်​​တွေနဲ့ ကြည့်​ရင်း သူ့ကို လာ​ခေါ်တဲ့ အနက်​​ရောင်​ ဝံပု​လွေ​နောက်​​ပြေးလိုက်​သွား​တော့တယ်

"မသွား မသွားပါနဲ့"

အိမ်​မက်​က​နေ ​အော်​ဟစ်​ပြီး အလန့်​တကြားနှိုးလာ​တော့တယ်​ ပါး​ပေါ်က ကျ​နေတဲ့ မျက်​ရည်​​တွေကို မာန်​ ဖွဖွ​လေး သုတ်​လိုက်​ရင်း အိမ်​မက်​ကို စဉ်းစား​နေမိတယ်

"ဘာလို့ ပြန်​မက်​​နေတာလဲ ဘာလို့ ရင်​ဘတ်​​တွေထဲက အရမ်းနာ​နေ​အောင်​ ခံစား​နေရတာလဲကွာ"

ရံရံနဲ့ ​စေ့စပ်​ပြီးကတည်းက ​ပျောက်​သွားတဲ့အိမ်​မက်​​တွေက ဘာလို့ ပြန်​မက်​​နေမှန်း မာန်​စဉ်းစားမရ​အောင်​ဖြစ်​​နေတယ်​ အထူးသဖြင့်​ အိမ်​မက်​ထဲက လူကို ​သေချာ မမြင်​ရပင်​မယ့်​ အဲလူရဲ့ ဝမ်း နည်းဖို့​ကောင်း​အောင်​​ပြော​နေတဲ့ အသံက မာန်​ ရင်​တခုလုံးကို ဆုတ်​​ခြေထားသလို မျိုးခံစားရတယ်​ သူ့ရဲ့မျက်​ရည်​​တွေကို သုတ်​​ပေးပြီး ရင်​ခွင်​ထဲ ထည့်​ပြီး အဲလူကိုနှစ်​သိမ့်​​ပေးချင်​​နေမိတယ်

အိပ်​လို့မရတာ​ကြောင့်​ အိပ်​ခန်းထဲက ​လေသာ​ဆောင်​ အပြင်​ဖက်​ကို ထွက်​လိုက်​​ရင်း ​လေ​အေး​တွေ တိုက်​ခတ်​တာကို ခံယူလိုက်​မိတယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now