အခန်း(28)

4.1K 350 72
                                    

အ​ပေါ်ပိုင်းအင်္ကျီချွတ်​နဲ့ ​အောက်​ကဝတ်​ထားတဲ့ ဂျင်း​ဘောင်းဘီအနက်​ကလဲ ​အောက်​ကို​လျော့ကျ​နေပြီး ခါးပါတ်​ကကျွတ်​​နေတဲ့ပုံနဲ့ moonရဲ့​ခေါင်းက အညို​ရောင်​ ဆံပင်​​ကောက်​​ကောက်​​လေး​တွေကလဲ ဖရိုဖရဲဖြစ်​​နေတယ်​​လေ

"စဝ်​ဖြိုးမဟာမာန်​"

Moonဆီက တစိမ်းဆန်​ဆန်​​ခေါ်သံ​ကြောင့်​ မာန်​စိတ်​ထဲပိုပြီး တင်းကြပ်​သွား​တော့တယ်

"ဘာလဲ"

Moonက ​မေးဆတ်​ပြီး ဘာလဲလို့​မေး​တော့ မာန်​ ဘာ​ဖြေရမှန်းမသိ​တော့ဘူး

"ဘာကိစ္စမှမရှိရင်​ လစ်​​တော့ ကိုယ့်​မှာ အလုပ်​ရှိ​သေးတယ်​"

"ဘာအလုပ်​လဲ"

"ဘာအလုပ်​ဆိုတာ ခင်​ဗျားကို ​ပြောပြစရာလို့လိုလား"

Moonကတံခါးကိုဆွဲပိတ်​ဖို့လုပ်​​နေတာ​ကြောင့်​ မာန်​ အတင်းဆွဲထားရင်း

"အခန်းထဲကို မဝင်​နဲ့ ​မောင်​နဲ့ လိုက်​ခဲ့​ပေး moon"

"ဘာလို့ ခင်​ဗျား​နောက်​လိုက်​ရမှာလဲ ခင်​ဗျားနဲ့ ကျွန်​​တော်​ ဘာဆိုင်​လို့လဲ လစ်​လိုက်​​တော့ဗျာ"

"မသွားပါနဲ့ ကိုယ်​မကြိုက်​ဘူး moonတခြားလူ​တွေပက်​သက်​တာ ​မောင်​မကြိုက်​ဘူး moon"

"ခင်​ဗျားမကြိုက်​ဘူးဆိုပင်​မယ့်​ ကျွန်​​တော်​ကြိုက်​တယ်​​လေ"

"​မောင့်​ကို မရွဲ့ပါနဲ့ moon ​မောင်​နဲ့ လိုက်​ခဲ့​ပေးပါ"

"ရွဲ့တယ်​မရွဲ့ဘူး​ပြော​နေရ​အောင်​ ခင်​ဗျားနဲ့ ကျွန်​​တော်​က ဘာမှမပက်​သက်​ဘူး​လေ စဝ်​ဖြိုးမဟာမာန်​ရဲ့"

"ပက်​သက်​တယ်​"

"ဘာပက်​သက်​တာလဲ ခင်​ဗျားနားမှာ ခင်​ဗျားလိုတိုင်း ဖြည့်​ဆည်း​ပေးရမယ့်​ အဖြည့်​ခံလူလိုမျိုးလား ခင်​ဗျားစကားဘာမဆိုနား​ထောင်​​ပေးရမယ့်​ လိုသုံးလိုမျိုးလား ​ပြောစမ်းပါအုံး"

"မဟုတ်​ဘူး moon အဲလို မဟုတ်​ပါဘူး"

"​ကျေးဇူးပြုပြီး ကိုယ့်​ကို​မျှော်​လင့်​ချက်​​တွေမ​ပေးပါနဲ့ ​တောင်းပန်​တာပါ ဒီထဲက နာကျင်​လွန်းလို့ မခံစားနိုင်​​တော့ဘူး ​တောင်းပန်​ပါတယ်​"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now