အခန်း(30)

4.3K 348 33
                                    

Moon​ပြောတဲ့အတိုင်း ​ဘေးနားက သစ်​သီးလှီးတဲ့ ဓားနဲ့ လက်​ဖဝါး​ပေါ်ဖိလိုက်​ပြီး moonရဲ့လခြမ်းပုံအမှတ်​​ပေါ် ​သွေးစက်​ချလိုက်​တဲ့အချိန်​မှာ​တော.
မာန်​ ရုတ်​တရက်​ မိုက်​ခနဲဖစ်​သွားပြီး လွန်​ခဲ့တဲ့ နှစိ​ပေါင်းများစွာအကြာက ​လောကသစ်​တခုကို ပြန်​မြင်​​ယောင်​လာ​တော့တယ်

လွန်​ခဲ့​သော အတိတ်​ဘဝတစ်​ခုက

လွန်​ခဲ့တဲ့ နှစ်​​ပေါင်းများစွာအကြာက Galaxyဆိုတဲ့ တိုင်းပြည်​တခု ကမ္ဘာ​ပေါ်မှာ ရှိခဲ့ပီး အဲတိုင်းပြည်​မှာ ထူးထူးခြားခြားဝံပု​လွေလူသား​တွေနဲ့ စုန်းက​ဝေလူသား​တွေ ​နေထိုင်​ကြတယ်​ သာမာန်​လူ​တွေလည်း​အေးချမ်းစွာ ​နေထိုင်​လို့ရ​အောင်​ galaxyက အုပ်​ချုပ်​​ရေး အရမ်း​ကောင်းမွန်​တာ​ပေါ့ Galaxyကို ဘုရင်​စနစ်​နဲ့အုပ်​ချုပ်​ပြီး လက်​ရှိဘုရင်​က​တော့ grey ဝံပု​လွေမျိုးနွယ်​​တွေ​ပေါ့ greyဝံပု​လွေ ​တွေက မီးခိုး​ရောင်​အ​မွှေး​တွေမှာ ​ရွှေ​ရောင်​အ​မွှေး​တွေပါဝင်​ပြီး အရမ်းကို အစွမ်းထက်​ကြတယ်​ နန်းတွင်းမှာ greyမျိုးနွယ်​စုကို သစ္စာခံပြီး အာဏာရ​နေတာက black မျိုးနွယ်​စုနဲ့ white မျိုးနွယ်​စု​တွေ​ပေါ့

Galaxy တိုင်းပြည်​ရဲ့ နန်းတွင်းကို အဓိကတိုက်​ခိုက်​ချင်​​နေတာက​တော့ စုန်းက​ဝေမျိုးနွယ်​စုဖြစ်​ပြီး​တော့ တိုင်းပြည်​ရဲ့အာဏာကို အပိုင်​လိုချင်​​နေကြတဲ့အုပ်​စုတခုပါပဲ

Greyမျိုးနွယ်​စုရဲ့ အိမ်​​ရှေ့စံမင်းသား​လေးက စွမ်းအားကြီးမားတဲ့ alpha ဖြစ်​ပြီး​တော့ blackနဲ့ whiteရဲ့ဆက်​ခံသူ​တွေက အရမ်းကို လှပတဲ့ omega ​ယောက်​ကျား​လေးနှစ်​​ယောက်​ဖြစ်​တာ​ကြောင့်​ ဘုရင်​ကြီးက မင်းသား​လေးဘုရင်​ဖြစ်​တဲ့အချိန်​ omegaနှစ်​​ယောက်​လုံးကို လက်​ထပ်​ဖို့ ကမ်းလှမ်းထားပြီး အသက်​ 16နှစ်​ပြည့်​ကတည်းက အိမ်​​ရှေ့စံရာထူးဆက်​ခံပွဲမှာ ​စေ့စပ်​​ပေးထားခဲ့တယ်​​လေ

"ခမည်း​တော်​"

"သား​တော်​ black မိသားစုရဲ့omega​လေး rainကိုလည်းဂရုစိုက်​ရမယ်​​လေ သူကလည်း သား​တော်​ရဲ့ ကြင်​ယာ​လောင်းပဲ​လေ"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now