အခန်း(45)

4.2K 292 46
                                    

"ကားကို ကြည့်​​မောင်းပါ ​မောင်​ရဲ့ ကိုယ်​မင်္ဂလာ​ဆောင်​ချင်​​သေးတယ်​​နော်​"

မောင်​က moonအ​ပြော​ကြောင့်​ ပါးချိုင့်​​ပေါ်​အောင်​ရီရင်း moonလက်​တစ်​ဖက်​ကို ဆုပ်​ကိုင်​ရင်း ကားဆက်​​မောင်း​နေ​တော့တယ်

"ဒါနဲ့ ရံရံ သတင်း​ရော ဘာကြား​သေးလဲ"

မောင်​က မျက်​နှာတစ်​ချက်​ပျက်​သွားပြီး

"မသိဘူး ​မောင်​တို့နှစ်​​ယောက်​ မင်္ဂလာ​ဆောင်​ဖို့သွားတဲ့ လမ်းမှာ အဲလူအ​ကြောင်းမ​မေးနဲ့ moon ​မောင်​မကြိုက်​ဘူး တကယ်​ဆို သူကမျိုးနွယ်​စုကို သစ္စာ​ဖောက်​တဲ့ အိမ်​​တော်​ကပဲ"

"ဟုတ်​ပါပြီ မ​မေး​တော့ဘူး​နော်​ မျက်​​မှောင်​ကြုတ်​မထားနဲ့ ရုပ်​ဆိုးလိမိ့မယ်​"

ဒီ​နေ့က moonနဲ့ ​မောင်​တို့မင်္ဂလာပွဲအတွက်​ ​မောင်​တို့မျိုးနွယ်​ရဲ့ ​ဟော်​နန်းရှိတဲ့ ရှမ်းပြည်​ကိုသွား​နေတာ​လေ ​မောင်​တို့မျိုးနွယ်​ ​ဟော်​နန်းခန်းမမှာ လုပ်​ရမယ့်​ ဓ​လေ့ထုံးစံ​တွေကို ​မောင်​က ​ပြောပြချင်​လို့ဆိုပြီး ​မောင်​နဲ့ moon2​ယောက်​တည်းကားသီးသန့်​နဲ့ ထွက်​လာကြတာ ​မောင့်​မိဘ​တွေနဲ့ moonမိဘ​တွေက​တော့ private flightနဲ့ သွားကြတယ်

ရန်​ကုန်​မှာလက်​ထပ်​ပွဲကို လကုန်​မှာကျင်းပပြီး​တော့ ​ဟော်​နန်းမှာအရင်​ ထိမ်းမြားမင်္ဂလာပွဲလုပ်​မှာ​လေ တကယ်​ဆို ဒီ​လောက်​​စော​စော ​ဟော်​နန်းမှာ လက်​ထပ်​ပွဲအစီအစဉ်​မရှိ​သေးပင်​မယ့်​ moonနဲ့ ​မောင်​ အတူတူ​နေတဲ့ ကိစ္စကို ​မောင့်​daddyတို့ကသိပြီး ခုလို ​စောစီစဉ်​လိုက်​တာ​လေ

"ကိုယ်​တစ်​လှည့်​​မောင်းမယ်​ ​မောင်​ ​မောင်​က ရှမ်းပြည်​အတက်​ကြမှ ပြန်​​မောင်း"

"Ok"

"​ရှေ့မှာ ခနရပ်​ပြီး ​အောက်​ခနဆင်းပြီး လဲမယ်​​လေ"

ရှေ့က အရိပ်​ရတဲ့ သစ်​ပင်​​အောက်​ရပ်​လိုက်​ပြီးတာနဲ့ ကား​ပေါ်က ဆင်းလိုက်​​တော့တယ်

"​မောင်​ ဘာလုပ်​တာလဲ"

မောင်​က moonကို ရုတ်​တရက်​ဆွဲလိုက်​ပြီး ကားနဲ့ ​မောင်​ကြားထဲထားလိုက်​ရင်း စနမ်းလာ​တော့တယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now