အခန်း(10)

4.2K 334 30
                                    

"ကိုကို ဘာ​တွေ ​တွေး​နေတာလဲ ရံရံ​ခေါ်​နေတာကြာ​နေပြီ​လေ"

ရံရံ ​ကျောင်းဆင်းတာကို ​စောင့်​ရင်း မနက်​က​တွေ့ခဲ့တဲ့ က​လေး​လေးအ​ကြောင်းပြန်​စဉ်းစား​နေတာနဲ့ပဲ ရံရံ​ခေါ်တာကို မကြားဘူးဖြစ်​သွားတယ်

"Sorry ရံရံ ကိုကို အ​တွေးလွန်​သွားတယ်​ သွားရ​အောင်​"

"ဟုတ်​ ကိုကို"

"ကိုကို"

"ဟင်​ ရံရံ"

"ရံရံ တို့ shoppingထွက်​ကြမလား"

"ရံရံ​လေးက ဘာလိုချင်​လို့လဲ"

"လိုချင်​တာ​တော့ မရှိပါဘူး ကိုကိုက ဒီ​နေ့ သိပ်​activeမဖြစ်​လို့ စိတ်​အ​ပြောင်းအလဲ ဖြစ်​​အောင်​လို့ပါ"

မာန်​ပြုံးလိုက်​ရင်း ရံရံ​ခေါင်း​လေးကိုဆွဲဖွကာ

"ဟုတ်​ပါပြီ shoppingထွက်​ကြတာ​ပေါ့"

ကိုကို့ဆီက ထွက်​လာတဲ့ စံပါယ်​ပန်းအနံ့သင်းသင်း​လေးကို ရူရှိုက်​ရင်း ရံရံဆံပင်​​တွေကို လာဖွတဲ့ ကိုကို့လက်​​ချောင်း​လေး​တွေ​ငေးကြည့်​လိုက်​မိတယ်​ ကိုကိုရဲ့ လက်​​ချောင်း​လေး​တွေက သွယ်​သွယ်​​ရှည်​ရှည်​​လေး​တွေနဲ့ တကယ်​လှတာ လက်​ခလယ်​မှာ ဝတ်​ထားတဲ့ ရံရံနဲ့ဆင်​တူ စိန်​​သေး​သေး​လေးပါတဲ့ ​စေ့စပ်​လက်​စွပ်​​လေးကလည်း ကိုကိုလက်​နဲ့အရမ်းကို လိုက်​ဖက်​လွန်းတယ်
ရံရံအတွက်​ ကိုကိုက အရမ်းကိုပြီးပြည့်​စုံလွန်းတဲ့ လူသားတ​ယောက်​ပဲ​လေ

"ရံရံ ဒါ​လေးယူမလား"

အဖြူ​ရောင်​​ကြောင်​ရုပ်​​လေးနဲ့ အလှဆင်​ထားတဲ့ စားပွဲတင်​ မီးအိမ်​​လေး ကိုပြရင်း ကိုကိုက ​မေးတာ​ကြောင့်​ ရံရံ​ခေါင်းအမြန်​ညိမ့်​လိုက်​မိတယ်​ အရုပ်​က​လေးက အရမ်းလှတာ

"ကိုကို ဒါ​လေးက​လေ ပိုးပိုး နဲ့တူတယ်​​နော်​"

Daddyနဲ့ ​ဖေတို့​မွေးထားတဲ့ ကိုကိုးနဲ့ လွန်းလွန်းက​မွေးထားတဲ့ ပိုးပိုးဆိုတဲ့ ​ကြောင်​မ​လေးကို သတိတရ ​ပြော​နေတာ​ကြောင့်​ မာန်​​ခေါင်းညိမ့်​ပြလိုက်​မိတယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now