အခန်း(8)

4.7K 392 50
                                    

မျက်​လုံး​တွေကပါ အသက်​ဝင်​စွာပြုံးပြီး ကြည့်​​နေတဲ့ ​ရှေ့ကလူ​ကြောင့်​ မာန်​ ​ငေးကြည့်​လိုက်​မိတယ်​ သူ့ရဲ့အပြုံး​တွေက မာန်​အတွက်​ ရင်းနှီး​နေသလိုပဲ ပြီး​တော့ ဝမ်းနည်းသလို ခံစား​နေရတယ်

"ကိုယ်​လက်​​ညောင်း​နေပြီ မာန်​​လေး"

မာန်​ အသံ​ကြောင့်​ ​ရှေ့ကလူရဲ့လက်​ကို ဆွဲလိုက်​​တော့ ဆုပ်​ကိုင်​လိုက်​မိတဲ့ လက်​ဖဝါးက​နွေး​ထွေးမှုကိုပါ ခံစားလိုက်​ရတယ်

"ဦးစဝ်​မင်းမာန်​ခ ဒါကျွန်​​တော်​ရဲ့ တဦးတည်း​သော သား လ​ရောင်​​တေးသွား ​လေ"

"အန်​ကယ်​ တို့နှစ်​​ယောက်​လုံးမင်္ဂလာပါ"

"မဂ်​င်္လာပါ သား ဦးမင်းရံရဲ့ သားက လူ​ချောပဲ"

"ချီးကျူးမှုအတွက်​​ကျေးဇူးပါ အန်​ကယ်​​လေး"

ဖေတို့ စကားကိုပြန်​တုန့်​ပြန်​ပြီး​ပြော​နေပင်​မယ့်​ ခုချိန်​ထိ မာန်​ရဲ့ လက်​ကို ဆုပ်​ကိုင်​ထားတာကို မလွှတ်​​ပေးတာ​ကြောင့်​ မာန်​ရုန်းလိုက်​မိတယ်

"Sorry မာန်​​လေးရဲ့လက်​က ကိုင်​လို့​ကောင်းလို့ ကိုယ်​သတိလက်​လွှတ်​ဖြစ်​သွားတာ"

စကား​တွေက အ​နှောင့်​အသွားမလွတ်​ပဲ မာန်​တ​ယောက်​တည်းကို စူးစူးစိုက်​စိုက်​ကြည့်​​နေတာ​ကြောင့်​ မာန်​ ​ဘေးနားက ရံရံကိုဖက်​လိုက်​မိတယ်​ daddyနဲ့ ​ဖေကလဲ မာန်​တို့နှစ်​​ယောက်​ကို အကဲခတ်​သလိုကြည့်​​နေတယ်​​လေ

"Daddy ရံရံဗိုက်​ဆာ​နေမှာစိုးလို့ တခုခုစားဖို့ လိုက်​ကြည့်​​ပေးလိုက်​အုံးမယ်​ အန်​ကယ်​မင်းရံ ခွင့်ပြုပါအုံး"

"​ကောင်းပြီ သား လွတ်​လွတ်​လပ်​လပ်​​နေ​နော်​"

"ကိုယ်​ လိုက်​ခဲ့မယ်​​လေ"

"ရပါတယ်​ ကိုလ​ရောင်​​တေးသွား"

"Moon Moonလို့​ခေါ်မာန်​​လေး"

Moonလို့​ခေါ် မာန်​​လေး ဆိုတဲ့ အသံ​လေးမှာ ဒိတ်​ခနဲဖစ်​သွားတဲ့ ရင်​ခုန်​သံ​ကြောင့်​ မာန်​ ကိုလ​ရောင်​​တေးသွားကို ဖြတ်​ခနဲ​ငေးကြည့်​လိုက်​မိတယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now