အခန်း(25)

3.8K 317 27
                                    

မာန်​ ​နောင်​လင်းဆီက ဖုန်းအဆက်​အသွယ်​ရပြီးကတည်းကအိပ်​မ​ပျော်​ပဲ မိုးလင်းပိုင်း​လောက်​မှ ခနအိပ်​​ပျော်​သွားတာ​ကြောင့်​ မနက်​အိပ်​ရာထ​တော့ 9နာရီ​လောက်​ဖြစ်​​နေပြီ​လေ မာန်​ မျက်​နှာသစ်​ပြီး ​အောက်​ထပ်​ကို ဆင်းလာ​တော့ ​နောင်​လင်းတို့အသံ​တွေကို ကြားလိုက်​ရတယ်

"မဟာ သခင်​​လေး"

မင်းသက်​နဲ့ ​နောင်​လင်းဆီက အသံပြိုင်​တူထွက်​လာပြီး ​ဖေတို့ကပါ မာန်​ကိုလှည့်​ကြည့်​လာ​တော့တယ်

မင်းသက်​ဆီက ​နောင်​လင်းကို အထူးအဆန်းလှမ်းကြည့်​တာကိုပါ မြင်​လိုက်​ရတယ်​ ပုံမှန်​ မဟာ လို့​ခေါ်​နေတာက​နေ သခင်​​လေးလို့ ​ခေါ်တာ​ကြောင့်​ ထူးဆန်း​နေတယ်​ထင်​တယ်

"ကိုကို ကိုကို​နေမ​ကောင်းလို့လား ရံရံ​တောင်​ ခုပဲ ကိုကို့ကို လာကြည့်​မလို့"

"​ကောင်းတယ်​ ရံရံ ကိုကို ညကအိပ်​မ​ပျော်​လို့ ​ဖေနဲ့ daddy ​မောနင်း"

"အင်း သားသား ​မောနင်း သား​နောင်​လင်းတို့​ရောက်​​နေတာ ​တော်​​တော်​ကြာ​နေပြီ"

"ဟုတ်​ ​ဖေ ​ဖေတို့နံနက်​စာစားပြီးပြီလား"

"စားပြီးပြီသား ရံ​လေးက သားကို​စောင့်​​နေတာ"

"ဟုတ်​လား က​လေးရဲ့ ဗိုက်​ဆာ​နေမှာ​ပေါ့ စားနှင့်​တာမဟုတ်​ဘူး"

"ရံရံမုန့်​စားထားပါတယ်​ ကိုကိုရဲ့ ​ရောက်​တုန်း​လေး ကိုကိုနဲ့အတူတူ စားချင်​လို့ ​စောင့်​​နေတာပါ"

"ဟုတ်​ပါပြီ သွားစားရ​အောင်​ ​နောင်​လင်းတို့ပါလိုက်​ခဲ့လိုက်​​လေ"

"ဟုတ်​ကဲ့ပါ သခင်​​လေး"

ရံရံကိုပခုံးကဖက်​ပြီး ထမင်းစားခန်းထဲဝင်​သွားတဲ့ မဟာကိုကြည့်​ပြီး မင်းသက်​ ​တေးအတွက်​ စိတ်​ပူသွားမိ​တော့တယ်

"​တေး ညကလဲ တညလုံးပြန်​မလာဘူး"

ရံရံကို မုန့်​ဟင်းခါးစားဖို့ပြင်​​ပေး​နေတဲ့ မာန်​လက်​​တွေ ခနရပ်​တန့်​သွားပြီး ပြီး​တော့ ဘာမှမဖြစ်​သလို ဆက်​လုပ်​​ပေး​နေမိတယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now