အခန်း(50)

3.9K 285 17
                                    

"အ ​မောင်​"

"Sorry moon​လေး အရမ်း အရမ်းနာ​နေလား ​မောင်​ ရပ်​လိုက်​ရမလား"

"ရတယ်​ ​မောင်​ ရတယ်​ ကိုယ်​ခံနိုင်​​သေးတယ်​"

"ရပါ့မလား moon​လေး ​နောက်​​နေ့မှ ဆက်​လုပ်​မယ်​​လေ"

"ရတယ်​ ဒီ​နေ့ပဲ ဒီ​နေ့ပဲ ပြီး​အောင်​ ပြီး​အောင်​လုပ်​ပါ"

"​မောင်​ ဖြည်းဖြည်းပဲလုပ်​မယ်​​နော်​ နာရင်​​ပြော​နော်​ ​မောင်​ရပ်​လိုက်​မယ်​"

"အင်း ​မောင်​ ကိုယ်​ခံနိုင်​ပါ​သေးတယ်​ ကိုယ်​အဲ​လောက်​ မ​ပျော့ညံ့ပါဘူး ဆက်​လုပ်​"

ပက်​လက်​​လေးနဲ့ ​မော့ကြည့်​ရင်း​ပြော​နေတဲ့ moon​လေး​ကြောင့်​ မာန်​ ပါးချိုင့်​​ပေါ်​အောင်​ရီလိုက်​မိတယ်​ ခုနကပဲ နာလို့ အသံထွက်​​နေပြီး ခုကျ​တော့ မ​ပျော့ညံ့ပါဘူးလုပ်​​နေတယ်

"​မောင်​လုပ်​​တော့​လေ"

"အင်း"

ဒီ​နေ့ moonတို့ရယ်​ မင်္ဂလာသက်​တမ်း တစ်​နှစ်​ပြည့်​တဲ့ ​နေမလို့ နှစ်​​ယောက်​သား ဆင်​တူ တက်​တူး ကို ထိုးကြတာ​လေ ​မောင်​ကို moonတက်​တူးထိုး​ပေး​တော့ အသံသိပ်​မကြားရပင်​မယ့်​ moonက ​တော့ အသံ​ပေါင်းစုံထွက်​​နေ​တော့တယ်​ အဲဒါကို ​မောင်​က စိတ်​ပူ​နေတာ​လေ တကယ်​​တော့ ​မောင်​ဆီ ကစိတ်​ပူ​နေတဲ့ အသံကြားချင်​လို့ moonက​လျှောက်​​အော်​​နေတာ moonလိုအ​ပေအ​တေ ဇယားက ဒီ​လောက်​​လေး​တော့ ခံနိုင်​ရည်​ရှိပါတယ်

"Wow မိုက်​တယ်​ ကြည့်​ ​မောင်​ လိုက်​တယ်​​နော်​ ကိုယ်​တို့ ဆင်​တူ​လေး​တွေ"

မှန်​ထဲမှာ​ပေါ်​နေတဲ့ တက်​တူးကိုကြည့်​ပြီး ​ပျော်​​နေတဲ့ moon​ကြောင့်​ မာန်​ ရီလိုက်​မိတယ်

"စိတ်​​ကျေနပ်​ပြီးလား ​မောင်​ရဲ့ moon​လေး"

"အင်း အရမ်း​ကျေနပ်​တယ်​ ချစ်​တယ်​ ​မောင်​"

"ချစ်​တယ်​ moon​လေး"

တက်​တူးထိုးပြီး ကာစမလို့ နည်းနည်းရဲ​နေတဲ့ moonရဲ့ wolfပုံ တက်​တူး ​နေရာ​လေးကို မာန်​ ဖွဖွ​လေး နမ်းလိုက်​​တော့တယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now