အခန်း(27)

3.8K 300 25
                                    

"ကိုကို နွယ်​​လေးကို shopping လိုက်​ပို့"

မာန်​ ​သောကြာ​နေ့ကတည်းက ရန်​ကုန်​ပြန်​​ရောက်​​နေတာ ခုလည်း ခြံထဲမှာ လမ်းဆင်း​လျှောက်​​နေတုန်းကို နွယ်​​လေးက မာန်​လက်​​မောင်းကို ဆုပ်​ပြီး လာ​ပြော​နေတာ​ကြောင့်​ မာန်​ပြုံးရင်း ​ခေါင်းညိမ့်​ပြလိုက်​တယ်

"လိုက်​ပို့မယ်​​လေ တိမ်​ယံနွယ်​က ဘယ်​​ရောက်​​နေလို့လဲ"

"ကိုကိုနဲ့သွားချင်​တာ​လေ နွယ်​​လေးက ပြီး​တော့ ရံရံကိုပါ ဝင်​​ခေါ်ရမယ်​"

"ဟုတ်​ပါပြီ လိုက်​ပို့ပါမယ်​ ရံ​လေးကိုလည်းဝင်​​ခေါ်မယ်​​နော်​"

"ကိုကို"

ရံ​လေးက စာလုပ်​တာ အာရုံစိုက်​​အောင်​ဆိုပြီး ​ကျောင်းကသွင်းတဲ့camp တစ်​လ ဝင်​​နေတာ​ကြောင့်​ ​မာန်​နဲ့​တောင်​ ခုချိန်​ထိမ​တွေ့ရ​သေးဘူး​လေ

နွယ်​​လေး ပြင်​ဆင်​ပြီးတာနဲ့ မာန်​တို့နှစ်​​ယောက်​ ရံရံရဲ့​ကျောင်းကို သွားလိုက်​​တော့ ​ကျောင်း​ရှေ့က မြက်​ခင်းပြင်​​ပေါ်မှာ စာထိုင်​ကြည့်​​နေတဲ့ ရံရံကို ​တွေ့လိုက်​ရတယ်

"ရံရံ"

"ကိုကို မမ"

မာန်​ဆီ​ပြေးလာပြီး မာန်​ကို ​ပြေးဖက်​တဲ့ ရံရံက မာန်​ကို အရမ်းသတိရ​နေပုံပဲ

"ကိုကို့ကို လွမ်း​နေတာ"

"ကိုကို ကလည်း ရံရံ​လေးကိုသတိရပါတယ်​ ခု ကိုကိုနဲ့ အပြင်​လိုက်​ခဲ့လို့ရတယ်​မလား ကိုကိုက ရံ​လေးကို ​မွေး​နေ့လက်​​ဆောင်​​ပေးချင်​လို့"

"တီချယ်​ကို ကိုကိုသွား​ပြော​ပေးပါလား"

"ဟုတ်​ပြီ ကိုကို ​ပြော​ပေးမယ်​​နော်​ ရံရံက အဝတ်​အစားသွားလဲလိုက်​"

"ဟုတ်​ ကိုကို"

"နွယ်​​လေး​တော့ third wheelဖြစ်​​တော့မယ်​ထင်​တယ်​​နော်​"

"အဲဒါဆိုလဲ တိမ်​ယံကို လှမ်း​ခေါ်လိုက်​​လေ"

"အဲလိုလုပ်​မှထင်​တယ်​​နော်​"

ရံရံ ကို​ခေါ်ပြီး ရံရံ​ကျောင်းနဲ့နီးတဲ့ Royal center ကိုသာ ​ခေါ်လာလိုက်​​တော့တယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now