အခန်း(24)

3.8K 322 34
                                    

"​စော​စော နားလိုက်​​နော်​ မနက်​စာလာမပို့နဲ့ ​တော့"

"ရပါတယ်​ ကိုယ်​အဆင်​ပြတယ်​ ​မောင့်​ဆီလာပို့​ပေးမယ်​​လေ"

"Moonနားဖို့ လိုတယ်​​လေ တရက်​တ​လေ လာမပို့လဲ ဘာမှမဖြစ်​ပါဘူး"

"​မောင်​ စားရတာ အဆင်​မ​ပြေမှာစိုးလို့ပါ"

"ကျွန်​​တော်​ အဆင်​​ပြေပါတယ်​"

"​မောင်​ ​မောင်​လို့​ပြော"

"ဟင်​"

"ကျွန်​​တော်​လို့မ​ပြောပဲ ခုနတုန်းကလို ​မောင်​လို့ပဲသုံး​ပေးပါ"

မာန်​ စိတ်​ပူ​နေတုန်းက ကိုယ်​ကိုယ့်​ကို ​မောင်​လို့ သုံးလိုက်​တာကို moonက​သေ​သေချာချာကြီးကို မှတ်​မိ​နေတာပဲ

"Ok moonနားလိုက်​​တော့ ​မောင်​ပြန်​​တော့မယ်​ good night"

"Good night ​မောင်​"

ထွက်​သွားတဲ့ ​မောင့်​ကားကို ကြည့်​ပြီး moon ပြုံးလိုက်​မိတယ်​ ဘာပဲ​ပြော​ပြော ဒီ​နေ့တစ်​ရက်​​လေးအတွင်းမှာ ​မောင်​နဲ့ သူ့အ​ခြေအ​နေက ​တော်​​တော်​​လေး တိုးတက်​လာတယ်​​ပြောရမှာ​ပေါ့ အနည်းဆုံး​တော့ ​မောင်​ရဲ့ စိတ်​ထဲမှာ သူရှိ​နေတယ်​ဆိုတဲ့အသိ​လေးက moonကို အတိုင်းမသိ​ပျော်​ရွှင်​​စေတယ်​​လေ

"ကိုကို"

မာန်​ ကားရပ်​ပြီး အိမ်​ထဲဝင်​လာတာနဲ့ မာန်​ခါးကို သိုင်းဖက်​လာတဲ့ လက်​​ဖွေး​ဖွေးတစုံနဲ့ ကိုကို ဆိုတဲ့ ​ခေါ်သံ​လေး​ကြောင့်​ မာန်​ အံအားတသင့်​ဖြစ်​သွား​တော့တယ်

"ရံရံ"

"ကိုကို suprise"

"ဘယ်​လိုဖြစ်​တာလဲ ကိုကိုက ရံရံတို့ မနက်​ဖြန်​မှ လာမယ်​ထင်​​နေတာ ဘယ်​လိုဖြစ်​လို့"

မျက်​လုံး​လေးပိတ်​သွား​အောင်​ ရံရံကရီပြပြီး

"ကိုကို အံအားသင့်​သွား​အောင်​ မမနဲ့ရံရံ က တရက်​​စောသွား​အောင်​ ​ပြောပြီး ထွက်​လာလိုက်​တာ"

"အိမ်​​ရှေ့မှာပဲ ​နေ​တော့မှာလား daddyသား​တွေက"

"Daddy ​ဖေ"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now