အခန်း(3)

5.8K 468 16
                                    

"သားသား ဘာဖြစ်​လို့လဲ"

ဟော်​နန်းထဲကို မင်းမင်းက အ​လောတကြီး ​ပြေးဝင်​လာတာ​ကြောင့်​ ဆုလာဒ်​နဲ့ ကိုကြီး နည်းနည်း​ လန့်​သွားမိတယ်

"ဘာမှမဖြစ်​ဘူး ​ဖေ ခြံဝင်းထဲမှာ က​လေး​လေး တ​ယောက်​လဲ​နေလို့ ဦးဦးက ​ခေါ်လာတာ"

မင်းမင်းက က​လေးကို ဆုလာဒ်​တို့​ရှေ့က ခုံ​ရှေ့​ပေါ်တင်​လိုက်​တာ​ကြောင့်​ ဆုလာဒ်​ က​လေး​လေးကိုကြည့်​လိုက်​မိတယ်​ ဖြူ​ဖွေး​နေတဲ့ အသားအ​ရေနဲ့ က​လေး​လေးက ​တော်​​တော်​ချစ်​ဖို့​ကောင်းလွန်းတယ်​ နှင်း​တောထဲက အချိန်​​တော်​​တော်​ကြာ​နေခဲ့ရတယ်​ထင်​တယ်​ အဝတ်​အစား​တွေကစိုရွဲ​နေတာ​ကြောင့်​ ဆုလာဒ်​ အင်္ကျီလဲဖို့ ​ပြောလိုက်​ရတယ်

"အင်္ကျီ အရင်​လဲ​ပေးမှ ဖြစ်​မယ်​ထင်​တယ်​ အင်္ကျီအရမ်းစိုရွဲ​နေတယ်​"

"ကား​ပေါ်က ကျွန်​​တော်​အင်္ကျီအပိုပါတယ်​ ဦးဦး မိုးတိမ်​ယံ သွားယူ​ပေးပါလား"

"ဟုတ်​ကဲ့ သခင်​ငယ်​​လေး"

"မင်းမင်း တခြားလူ​တွေမပြန်​ခင်​ ဘယ်​မိသားစုက က​လေး​ပျောက်​လဲ သွားစုံစမ်းလိုက်​"

"ဟုတ်​ကဲ့ပါ သခင်​ကြီး"

မျိုးနွယ်​စု​ခေါင်း​ဆောင်​ဖြစ်​သွားတာ​ကြောင့်​ ကိုကြီးကို သခင်​ကြီးလို့ မင်းမင်းက ​ပြောင်း​ခေါ်သလို ဆုလာဒ်​ကိုလည်း အရင်​လို သခင်​ငယ်​​လေးအစား သခင်​ဆိုပြီး ​ပြောင်း​ခေါ်ကြတယ်

က​လေး​လေးကို အင်္ကျီလဲ​ပေးမလို့ ချွတ်​လိုက်​တဲ့အချိန်​ ဆုလာဒ်​ အံအားတသင့်​ဖြစ်​ပြီး ကိုကြီးကို ကြည့်​လိုက်​မိတယ်

"လခြမ်း​လေး"

နွယ်​​လေးက ​ပြောလိုက်​တာ​ကြောင့်​ မာန်​​ ​ဖေဆီမှာရှိ​နေတဲ့ က​လေး​လေးကို အမြန်​ကြည့် လိုက်​မိတယ်​ ဘယ်​ဘတ်​ရင်​ဘတ်​ ထင်​ထင်​ရှားရှား​ပေါ်​နေတဲ့ လခြမ်းပုံ အမှတ်​အသား​လေး​ကြောင့်​ မာန်​ ရင်​ဘတ်​ထဲ ​အောင့်​တက်​သွား​တော့တယ်​ မာန်​မသိလိုက်​ခင်​ လခြမ်းပုံအမှတ်​အသား​လေးကို ဖွဖွ​လေး ပွတ်​ကိုင်​ရင်း ​မေ့လဲသွား​တော့တယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now