အခန်း(12)

3.7K 321 27
                                    

"ရံရံ"

Bio စာအုပ်​ကြီးကို ​ပေါက်​ထွက်​မတက်​ကြည့်​ရင်း မျက်​ရည်​​တွေ ကျ​နေတဲ့ ရံရံ​ကြောင့်​ မာန်​ ရံရံကိုဖက်​လိုက်​ရင်း တိုးတိုး​လေး ​ခေါ်လိုက်​မိတယ်

"ကိုကို ရံရံ ကိုကိုနဲ့မခွဲနိုင်​ဘူး"

မာန်​ခါးကိုလာဖက်​ရင်း မာန်​ရင်​ဘတ်​ကို မှီပြီး ရံရံက ​ပြော​နေ​တော့တယ်

"ကိုကို ကမကြာခနပြန်​လာမှာ​လေ ​နေ့ချင်းပြန်​​ဆောင်​လာလို့ရတယ်​ ကိုကို့ကား​မောင်းပုံနဲ့ဆို အလွန်​ဆုံး ငါးနာရီ​လောက်​ဆို ရန်​ကုန်​ပြန်​​ရောက်​မှာ​လေ"

"ဒါပင်​မယ့်​ ကိုကိုမှ အိမ်​မှာမရှိတာ ရံရံကို ဘယ်​သူက​ကျောင်းလိုက်​ပို့မှာလဲ ရံရံစာ​မေးချင်​ရင်​ ဘယ်​သူကို ​မေးရမှာလဲ ရံရံ မုန့်​စားချင်​ရင်​ ဘယ်​သူက ဝယ်​​ကျွေးမှာလဲလို့"

ငိုရင်း အတင်းဖက်​ထားတာ​ကြောင့်​ မာန်​ ရံရံ​ခေါင်း​လေးကို ပွတ်​​ပေးရင်း

"ကိုကို လည်းရံရံကို ခွဲမသွားချင်​ပါဘူး က​လေးရယ်​"

ခပ်​ဖွဖွ ချလိုက်​တဲ့ ကိုကို့ သက်​ပြင်းချလိုက်​သံ​ကြောင့်​ ရံရံ ကိုကိုစိတ်​ရှုပ်​​နေမှန်းသိလိုက်​တယ်​ ကိုကို က သူ​ဆေးခပ်​ခံရတာ​တွေ ဒီမှာ သူ့ကိုလူတိုင်းအာရုံစိုက်​ခံ​နေရတာ​တွေ​ကြောင့်​ ​တော်​​တော်​မွန်းကြပ်​​နေတယ်​ထင်​တယ်​ မဟုတ်​ရင်​ သူဒီ​လောက်​ခင်​တွယ်​တဲ့ အိမ်​​တော်​က ထွက်​ပြီး အ​ဝေးမှာ သွား​နေမှာ မဟုတ်​​လောက်​ဘူး

"ကိုကို ဘယ်​​လောက်​အကြာကြီးသွားမှာလဲ"

"တစ်​နှစ်​ပဲ က​လေး ရံရံ ဆယ်​တန်း​ဖြေပြီး တက္ကသိုလ်​ စတက်​တာနဲ့ ကိုကို ရန်​ကုန်​မှာ ​ကျောင်းပြန်​တက်​မယ်​​နော်​"

"တကယ်​​နော်​"

"အင်း"

"ကိုကို သွားပါ ရံရံ လိမ်​လိမ်​မာမာနဲ့ စာကြိုးစားပြီး​နေခဲ့ပါမယ်​"

"ကိုကို့ ရံရံ​လေးက လိမ်​မာလိုက်​တာ"

"ကိုကို ရံရံဆီ​တော့ ပြန်​လာရမယ်​​နော်​"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now