အခန်း(2)

7.3K 496 30
                                    

"ဦးစိုင်း"

"သခင်​ကြီး သခင်​"

"ရံရံကို သားသားနဲ့ ပက်​သက်​ရင်​ အရမ်းမတင်းကြပ်​ပါနဲ့ သားသားက ရံရံသူ့ကို ရင်းရင်းနှီးနှီးမ​နေရင်​ စိတ်​ဆိုးတတ်​တာ သိတယ်​မလား"

"ဒါပင်​မယ့်​ ရံရံက ကျွန်​​တော်​တို့သားဆို​တော့"

"သားဆိုတာ ကျွန်​​တော်​ ဘဘတို့ကို ​မွေးစားဖို့ ​ခန​ပေးထားတာပါ သူက သစ္စာခံမဟုတ်​ဘူး ကျွန်​​တော်​နဲ့ ​စေ့စပ်​ထားတဲ့သူပါ ဘဘ ရံရံကို အရမ်းမတင်းကြပ်​ပါနဲ့ ကျွန်​​တော်​မကြိုက်​ဘူး"

"ဘဘ ဆင်​ခြင်​ပါ့မယ်​ သခင်​​လေး"

"daddy ရံရံဆယ်​တန်းတက်​ဖို့ကို ကျွန်​​တော်​ Royal ထားဖို့စီစဉ်​ထားတယ်​ ပြီး​တော့ တစ်​ဘာသာချင်းစီအတွက်​ guideလုပ်​ဖို့ ဆရာ​ခြောက်​​ယောက်​စီစဉ်​ထားတယ်​ daddy"

"သားအဆင်​​ပြေသလိုလုပ်​ပါ ဒါနဲ့​ကျောင်းစားရိတ်​က​ရော"

"ရံရံအသုံးစားရိတ်​​တွေ ​ကျောင်းစားရိတ်​​တွေ​ရော သားဆီကပဲသုံးချင်​တယ်​ daddy"

"ဟုတ်​ပါပြီ သူ​ဌေး​လေးရယ်​"

"​ဖေကလဲ"

သားသား​ရော မီးမီး​ရောက နှစ်​ဖက်​အဖိုးအဖွား​တွေရဲ့ ​မြေးဦး​တွေမလို့ ​မွေးကတည်းက အ​မွေ​တွေရထားပြီးပြီ​လေ ကိုကြီးရဲ့ မယ်​မယ်​တို့ဆို Royal empire ရဲ့ share 50%ကို သားသားနဲ့ မီးငယ်​ဖို့ဆိုပြီး ​မွေးကတည်းက သားသားတို့နာမည်​နဲ့ လွဲ​ပေးထားခဲ့တာ ပြီး​တော့ သားက အ​ဖေနှစ်​​ယောက်​လုံးရဲ့ ဗီဇပါတယ်​ထင်​တယ်​ ငယ်​ငယ်​​လေးကတည်းက နည်းပညာ ပိုင်းကို အရမ်းစိတ်​ဝင်​စားတယ်​​လေ သားသားက အသက်​ 16နှစ်​​လောက်​ကတည်းက နည်းပညာcompanyဖြစ်​တဲ့ royal adventureရဲ့ အငယ်​ဆုံး နည်းပညာရှင်​ အဖြစ်​ အလုပ်​ဝင်​​နေတာ​ကြောင့်​ သားသားက သူ့ရဲ့​ကျောင်းစားရိတ်​​ရော ရံရံရဲ့​ကျောင်းစားရိတ်​ကိုပါ သူ့ကိုယ်​ပိုင်​ဝင်​​ငွေနဲ့ သုံး​နေခဲ့တာ ခုဆို ရံရံတသက်​​တောင်​ရှိ​နေပြီ​လေ

သားသားနဲ့ မီးငယ်​ရဲ့ နို့ထိန်းအ​မေနှစ်​​ယောက်​က​မွေးတဲ့ စိုင်းသီဟ​ဇော်​နဲ့ စိုင်းသီဟမင်းက သားသားရဲ့ သက်​​တော်​​စောင့်​​တွေဖြစ်​လာပြီး မီးမီးအတွက်​ သစ္စာ​တော်​ခံမိသားစုထဲက နန်းပုလဲ​မေနဲ့ နန်းသက်​ထားကို အနီးကပ်​လူယုံအဖြစ်​ ငယ်​ငယ်​​လေးကတည်းက စံအိမ်​မှာ ​ခေါ်ယူထားပြီး မီးမီးနဲ့အတူ ကြီးပြင်း​စေခဲ့တာ​ကြောင့်​ အနီးကပ်​လူယုံ​တွေက သားသား​ရော မီးမီး​ရော​ပေါ်မှာ ခင်​တွယ်​ပြီး သစ္စာရှိကြတယ်

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now