အခန်း(11)

3.8K 331 22
                                    

"ကို ကို ကိုကို"

"ဟင်​ sorry ရံရံ ကိုကို သတိလက်​လွတ်​ဖြစ်​သွားတယ်​ သွား​တော့​လေ"

မာန်​ သတိလက်​လွတ်​ဖြစ်​သွားပြီး ရံရံရင်​ဘတ်​က လခြမ်းပုံအမှတ်​အသား​လေးကို အသာ​လေးထိကြည့်​​နေမိတာ ရံရံ​ခေါ်သံကြားမှ သတိဝင်​လာ​တော့တယ်​ ရံရံက​တော့ ရှက်​လို့လားမသိဘူး မျက်​နှာ​လေးကို ရဲပီး အခနိးထဲကထွက်​သွား​တော့တယ်

3လခန့်​ကြာပြီး​နောက်

မာန်​နဲ့ နွယ်​​လေးနဲ့ ရဲ့ ဒုတိယနှစ်​ စာ​မေးပွဲပြီး​တော့ တတိယနှစ်​တက်​ဖို့ ​ကျောင်းတစ်​လပိတ်​ထားတဲ့ အချိန်​​တောင်​​ရောက်​​နေပြီ​လေ ရံကံက​တော့ ဆယ်​တန်းစာ​မေးပွဲအတွက်​ guideနဲ့ ​ကျောင်းနဲ့ ပါတ်​ချာလည်​ ရိုက်​​နေတာ​ပေါ့ နွယ်​​လေးရဲ့ ချစ်​သူကိုလည်း ​ဖေနဲ့ daddyက အိမ်​မှာ ဝင်​ထွက်​ခွင့်​ပြုထားတယ်​​လေ ဒီ​နေ့လဲ နွယ်​​လေးချစ်​သူ အိမ်​လာလည်​မှာမလို့ နွယ်​​လေးတို့ တက်​ကြွ​နေ​လေရဲ့

"သား လာထိုင်​"

"​ဖေနဲ့ daddy ကျွန်​​တော်​ နည်းနည်း​နောက်​ကျသွားတယ်​ ကားပိတ်​​နေလို့"

"ရပါတယ်​ သားရဲ့ နွယ်​​လေး သားတိမ်​ယံကို ​ရေဖြစ်​ဖြစ်​ခပ်​​ပေးလိုက်​ ​မော​နေတယ်​ထင်​တယ်​ ​ချွေး​တွေချည်းပဲ"

"ရပါတယ်​ ​ဖေ"

နွယ်​​လေး ချစ်​သူတိမ်​ယံနွယ်​က မိဘမဲ့မလို့ ​ဖေနဲ့ daddyက မာန်​တို့ ​ခေါ်သလို ​ခေါ်ခိုင်းပြီး မိသားစုလို့ ဆက်​ဆံ​ပေးခဲ့တယ်​​လေ နွယ်​​လေးက အလိမ်​မာ အိမ်​ပါ.သမက်​​လေးကို ​ရွေးချယ်​ထားတာ​ကြောင့်​ ​ဖေတို့က သ​ဘော​တွေကျ​နေ​လေရဲ့

"သားသား"

"အစ်​ကို"

"ဒီ​နေ့ မိသားစုဝင်​​တွေ အကုန်​လုံးရှိတုန်း သားတခု​လောက်​ ခွင့်​​တောင်းချင်​လို့ ​ဖေနဲ့ daddy"

"သားသား ခု​လောက်​​ပြော​နေရင်​ အ​ရေးကြီးကိစ္စထင်​တယ်​"

"တိမ်​ယံ​ကော ရံရံ​ရော လာထိုင်​လိုက်​"

"တိမ်​ယံ ​တတိယနှစ်​စတက်​တာနဲ့ အစ်​ကိုတို့​ဘေးက ခြံကို ​ပြောင်းလာခဲ့​တော့ အ​ဆောင်​မှာမ​နေနဲ့​တော့"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now