End

9K 392 74
                                    

"​မောင်​"

"Moon ​လေး moon​လေး သတိရလာပြီလား ဘယ်​လို​နေ​သေးလဲ"

"ကိုယ်​ ဘာဖြစ်​သွားတာလဲ"

"​ကျေးဇူးပါ ​မောင့်​နားကို ပြန်​လာ​ပေးလို့​ကျေးဇူးပါ"

Moon​မေးတာကို ဘာမှမ​ပြောပဲ အတင်းဖက်​ထားပြီး ​ကျေးဇူးတင်​ပါတယ်​ လို့​ပြော​နေတဲ့ ​မောင်​​ကြောင့်​ moonအသာ​လေးသာဖက်​ထားလိုက်​မိတယ်​ moonမှတ်​မိသ​လောက်​​တော့ moonတို့ပြည်​အိမ်​မှာရှိ​နေတာပါ ခုကျ​တော့ ​ဟော်​နန်းမှာ​ရောက်​​နေသလိုပဲ ပြီး​တော့ daddyနဲ့​ဖေ​ရော ရှိ​နေတယ်​ နွယ်​​လေး​ရော ပြီး​တော့ ရံ​လေး​ရော moon ဘာမှ နားမလည်​နိုင်​​တော့ဘူး

"သခင်​ကြီး သခင်"

"မိုးတိမ်​ယံ"

"ဦး"

"ရံ​လေး ဘယ်​ကို​ပျောက်​သွားတာလဲ ဦးစိတ်​ပူလို့လိုက်​ရှာ​နေတာ ​နေရာအနှံ့ ရှိ​နေပြီ မင်းမင်းတို့​ပြောလို့ ဒီမှာ​ရောက်​​နေတယ်​ဆိုလို့ ဦးအမြန်​လိုက်​လာတာ ဘာလို့ ဘာမှမ​ပြောပဲ ထွက်​သွားရတာလဲ က​လေးရယ်​"

"​တောင်းပန်​ပါတယ်​ ရံ​လေး ​တောင်းပန်​ပါတယ်​​နော်​ ဦးစိတ်​ပူ​အောင်​လုပ်​မိသွားတယ်​"

"သားသား သား​လ​ရောင်​ကို​ခေါ်ပြီး သွားနားခိုင်းလိုက်​ပြီး ​သေချာရှင်းပြလိုက်​အုံး"

"ဟုတ်​ကဲ့ daddy"

"မိုးတိမ်​ယံ"

"ဟုတ်​ကဲ့ သခင်​ကြီး"

"မင်းနဲ့ ငါ စကား​ပြောမယ်​"

"ဟုတ်​ကဲ့ပါ သခင်​ကြီး"

"ငါ တတိယအိမ်​​တော်​ကို ဘယ်​​လောက်​မုန်းတယ်​ဆိုတာ မင်းက ပိုသိမှာပါ"

"တတိယအိမ်​​တော်​နဲ့ ရံ​လေးက ဘာမှမပက်​သက်​ပါဘူး သခင်​ကြီး သူကြီးပြင်းလာတာ ပထမအိမ်​​တော်​ပါ ​ကျေးဇူးပြုပြီး ရံ​လေးကိုခွဲမြင်​​ပေးပါ ကျွန်​​တော်​​တောင်းပန်​ပါတယ်​"

ဆုလာဒ်​ ရံ​လေးလက်​ကိုဆွဲပြီး ကိုကြီးနား​လျှောက်​လာရင်း

"ရံ​လေးက ချစ်​လုံး​လေးတို့ရဲ့ သားအငယ်​ဆုံးပါ တတိယအိမ်​​တော်​နဲ့ ဘာမှမပက်​သက်​ဘူး သူ့ကို အိမ်​​တော်​​ခေါ်လာကတည်းက သူက ပထမအိမ်​​တော်​နဲ့ပဲ သက်​ဆိုင်​တယ်​ ကိုကြီး ကိုကြီးလည်း ရံရံ​လေးကို ချစ်​ရဲ့သားနဲ့ အတင်းမုန်းဟန်​မ​ဆောင်​ပါနဲ့"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now